Chapter 228

1.5K 181 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၉ )

Chapter-6

“စီနီယာအစ်ကိုကျန်း… ကျွန်တော်တို့သွားလို့ရပြီလား…..” ကျန်းကျင့်က တွေဝေနေသည်ကို မြင်လိုက်ချိန်တွင် ယီယွမ်က သတိပေးလိုက်သည်။

ထိုအချိန်မှသာ ကျန်းကျင့်က အိပ်မက်မက်နေရာမှ လန့်နိုးလာခဲ့သောသူကဲ့သို့ ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်ပြီး ပြောဆိုခဲ့၏။ “အို… အိုကေ...အိုကေ… အရင်ဆုံး မင်းတို့ရဲ့ ကိုယ်ပိုင်တံဆိပ်ပြားတွေရရှိဖို့ ငါကခေါ်သွားမယ်…..”

ကျန်းကျင့်က ယီယွမ်တို့အားလုံး၏ မျက်နှာများကို အကြည့်တစ်ချက်ပို့ခဲ့ပြီးနောက် ကူရာကယ်ရာမဲ့စွာဖြင့် တိတ်တဆိတ် စိတ်ဓာတ်ကျနေခဲ့သည်။

ဒီဂျူနီယာညီလေးညီမလေးတွေက လူသားအုပ်စုတန်းလျားနဲ့ မြေကမ္ဘာအုပ်စုတန်းလျားတို့ကြားမှာရှိတဲ့ ကွားခြားမှုကို မသိကြဘူးလား….. ဒီလိုမှမဟုတ်ဘူးဆိုရင် သူတို့ကဘာလို့ မထူးဆန်းသလိုပြုမူနေရတာလဲ... ..

လောင်ထန်ကိုထည့်မတွက်လျှင်ပင် နန်ဖိန်လျှိုချင်၏ တူမလေးက အဆင့်(5)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။ ယီယွမ်ကို စီနီယာအစ်ကိုကြီးမိုက မြေကမ္ဘာအုပ်စုနေရာသို့ ပို့ဆောင်ခဲ့ခြင်းအား မည်သည့်အတွက်ကြောင့် သူတို့ကထိုကိစ္စကို စိတ်ဝင်စားခြင်း မရှိခဲ့ကြသနည်း။

ခေါင်းရှုပ်စွာတွေးတောခဲ့မိပြီးနောက် ကျန်းကျင့်က ဤသို့ပုံမှန်မဟုတ်သော အပြုအမူကို သူတို့၏မောက်မာမှုဟုသာ ယူဆသတ်မှတ်ခဲ့ပေ၏။

ယီယွမ်က စီနီယာအစ်ကိုကြီးမိုကို တမင်တကာ ရန်စခဲ့မိ၍ စီနီယာအစ်ကိုကြီးမိုက ယီယွမ်အား ဤနည်းလမ်းဖြင့် ပြန်လည်ဆက်ဆံခဲ့သည်ဟုပင် ကျန်းကျင့်က ထင်မြင်ယူဆနေခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ စီနီယာအစ်ကိုကြီးမိုက ထိုသို့ပြောခဲ့၍ သူကစီနီယာအစ်ကိုကြီးမို၏ စကားအတိုင်း လုပ်ဆောင်ပေးရပေမည်။

ကျန်းကျင့်က
နန်ဖိန်လျှိုချင်ကို ဆေးလုံးအုပ်စုတန်းလျားသို့ ပို့ဆောင်ပေးခြင်းမပြုသေးခင် လူတိုင်းကို သူတို့နှင့်သက်ဆိုင်သော တံဆိပ်ပြားများ ရယူစေရန်ခေါ်ဆောင်သွားခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now