Chapter 287

1.4K 188 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၃ )

Chapter-10

ကျင့်ကြံခြင်းပညာရပ်များ ပျောက်ဆုံးသွားခဲ့မှုကြောင့် ငြိမ်သက်တိမ်တိုက်အဖွဲ့ဝင်များက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်ကို ချိုးဖျက်တက်ရောက်ရန် အတွက်ပင် စိန်ခေါ်မှုများ ကြုံတွေ့နေခဲ့ရသည်။ ဤနှစ်အနည်းငယ်အတွင်း သူတို့၏ အခြေအနေက ပို၍ဆိုးရွားလာခဲ့၏။

အကယ်၍ ထျန်းယွီကသာ အစစ်အမှန်အသိကို အမှီသဟဲပြု၍ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်နှင့် ထိုထက်မြင့်မားသော အဆင့်များကို တက်ရောက်ရန် ကြိုးစားနိူင်ခဲ့မည်ဆိုပါက ထိုအချက်က ငြိမ်သက်တိမ်တိုက်အဖွဲ့ကို အကြီးအကျယ် အကျိုးသက်ရောက်သွားစေမည် ဖြစ်သည်။

လျှိုချင်ဖန်၏ အကြည့်က ယီယွမ်ဆီသို့ ရုတ်တရက် ရောက်ရှိသွားခဲ့ပြီး သူက အလွန်ချီးကျူးသည့် သဘောဖြင့် သက်ပြင်းချ၍ ပြောလိုက်၏။ “ရှောင်ကျင့်… ယီယွမ်က အဖွဲ့ကိုဝင်ရောက်လာတာနဲ့ အဖွဲ့ထဲမှာ ပြောင်းလဲမှု အများအပြားက တိတ်တဆိတ် ဖြစ်ပွားနေတာကို မင်းကသတိထားမိရဲ့လား…..”

ရှောင်ကျင့်ကလည်း မှင်တက်သွားခဲ့ပြီး ဤအချိန်အတောအတွင်း ယီယွမ်၏ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ကိစ္စများကို ပြန်လည်တွေးတော ကြည့်လိုက်မိသည်။

“အာ… အဲဒါမှန်ပါတယ်… တကယ်လို့သာ အဖွဲ့အရှင်သခင်က မပြောခဲ့ဘူးဆိုရင် ကျွန်တော်လည်း အဲဒီအရာကို တွေးတောမိမှာ မဟုတ်ဘူး… ဂိုဏ်းတူဦးလေး ကောင်းကင်မေပယ်က တံခါးပိတ်လေ့ကျင့်ခန်း ဝင်ရောက်သွားတယ်… ဆေးလုံးခန်းမ အကြီးအကဲတွေ နှစ်ရှည်လများ အခက်အခဲတွေ့နေရတာတွေက တစ်ခုပြီးတစ်ခု ဖြေရှင်းပြီးသား ဖြစ်သွားခဲ့ပြီ… ယီယွမ်က အဖွဲ့ကိုဝင်ရောက်လာတာ တစ်လထက် နည်းနည်းပဲ ပိုသေးတာကို အဖွဲ့ထဲမှာ အဲဒီလောက်တောင် များပြားတဲ့ အပြောင်းအလဲတွေ တကယ်ပဲ ဖြစ်သွားခဲ့ပြီ……”

ရှောင်ကျင့်က အဖွဲ့အတွက် ယီယွမ်ယူဆောင်လာခဲ့သော ပြောင်းလဲမှုများကို အသေးစိတ်ပြန်လည် စဉ်းစားလိုက်ပြီး ကူရာကယ်ရာကင်းမဲ့စွာဖြင့် တုန်လှုပ်သွားခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now