Chapter 264

1.5K 185 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၁ )

Chapter-14

လွန်ခဲ့သော ရက်အနည်းငယ်က ခရမ်းရောင်ဗဟိုစိတ်ဝိညာဉ်မန္တန် ပညာရပ်၏ ဒုတိယအပိုင်းနှင့် လဲလှယ်ရန်အတွက် လုံလောက်သော အမှတ်များကို စုဆောင်းရရှိခဲ့ပြီဆိုသော စကားနှင့် အဖွဲ့ဆီသို့ ခရီးတစ်ခေါက်လာရောက်ရန် ယီယွမ်ဆီမှ အမှာစကားကို သူကရရှိခဲ့ပေသည်။

ထိုသတင်းများကို လက်ခံရရှိပြီးနောက် ဂျင်ယွန်ဟီ၏ နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုက အနည်းငယ်မျှသာ ကြီးမားခဲ့ခြင်းမျိုး မဟုတ်ပေ။

ယီယွမ်က ချင်နိုင်ငံမှ ထွက်ခွာသွားသည်မှာ တစ်လပင် မပြည့်သေးသော်လည်း သူကလုံလောက်သော အမှတ်များကို ရရှိသွားခဲ့ပြီဖြစ်၏။

သူကချင်နိုင်ငံ၏ ဒန်ဝူအကယ်ဒမီတွင် ဌာနမှူးအဖြစ် ဆယ်နှစ်ကျော်
တာဝန်ထမ်းဆောင်ခဲ့သော်လည်း အမှတ်ပေါင်း ၁သန်း ပြည့်မီရုံပမာဏသာ စုဆောင်းရရှိခဲ့သည်။ သူကအမှတ်ပေါင်း ၄သိန်းလိုအပ်နေပေသေး၏။

ယီယွမ်က အမှန်တကယ်ပင် တစ်လမပြည့်သေးသော အချိန်အတွင်း အမှတ်ပေါင်း ၄သိန်းကို စုဆောင်းရရှိခဲ့ပေသည်။

သူ့တွင် အမှတ်ပေါင်း ၁သန်းရှိကြောင်း ယီယွမ်ကိုပြောပြခဲ့ပြီးဖြစ်၍ ယီယွမ်တွင် အမှတ်ပေါင်း ၄သိန်းသာ ရှိနေမည်ဟု သူကထင်မြင်နေခဲ့၏။

သို့သော် ဂျင်ယွန်ဟီက ယီယွမ်ကို တွေ့ဆုံရသောအချိန်တွင် ယီယွမ်က ဂျင်ယွန်ဟီ၏ ကိုယ်ပိုင်တံဆိပ်ပြားအတွင်းသို့ အမှတ်ပေါင်း ၁.၄သန်းကို လွှဲပြောင်းပေးခဲ့ရာ သူကယီယွမ်ကို မည်သည့်စကား ပြောရမှန်းမသိတော့ဘဲ အချိန်အကြာကြီး ကြောင်ကြည့်နေခဲ့သည်။

“ဒါက… ဒါက… မင်းကအဖွဲ့ကို ရောက်လာတာ တစ်လတောင် မပြည့်သေးဘူးမဟုတ်လား… ဒီလောက်အထိ များပြားတဲ့အမှတ်တွေက ဘယ်ကနေရလာတာလဲ…..” ဂျင်ယွန်ဟီက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်၏။

“ဟဲဟဲ… မိတ်ဆွေဟောင်းတစ်ယောက်ကို နည်းနည်းလောက် ခြိမ်းခြောက်ငွေညှစ်လိုက်တာနဲ့ မစ်ရှင်အချို့ကို လုပ်ဆောင်ခဲ့တာကနေ ရလာတာပါ…..” ယီယွမ်က တဟဲဟဲရယ်မော၍ ရှင်းပြခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now