Chapter 211

1.5K 181 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၈  )

Chapter-211

“ချီစွမ်းအင်ဆေးလုံးထက် နှစ်ဆယ်ရာခိုင်နှုန်းပဲ စျေးများတယ်လား… ဒါဆိုရင် အဲဒီဆေးလုံးက စွမ်းအင်စုစည်းဆေးလုံးထက် ပိုပြီးစျေးချိုတယ်ပေါ့…..”

“ဒီလို မိုးကောင်းကင်ကိုဆန့်ကျင်တဲ့ ဆေးလုံးတစ်လုံးက တကယ်ပဲ စွမ်းအင်စုစည်းဆေးလုံးထက် စျေးပိုသက်သာနေတယ်… ဒါက… ယီဟန်နောက်ပြောင်နေတာတော့ မဟုတ်လောက်ပါဘူးနော်…..”

“ဟီးဟီး.. ဒါကမေတ္တာတရားရှိတဲ့ စီးပွားရေးလုပ်လိုက်တာပဲ… ကြယ်တာရာယစ်မူးဂေဟာက စွမ်းအင်စုစည်းဆေးလုံးကို အသုံးပြုပြီး အကြင်နာတရားကင်းမဲ့စွာနဲ့ လူတွေဆီကနေ ငွေတွေဘယ်လောက်များ သဲ့ယူပြီးပြီလဲဆိုတာ ငါတွေးကြည့်လို့ကို မရနိုင်တော့ဘူး…..”

ယီဟန်၏စကားများက ချက်ချင်းပင် ပရိသတ်ကို ပွက်လောရိုက်သွားစေခဲ့သည်။

ဤအချိန်အတောအတွင်း ကြယ်တာရာယစ်မူးဂေဟာက စွမ်းအင်စုစည်းဆေးလုံးကို မှီခိုပြီး ငွေကြေးအမြောက်အမြားကို ရှာဖွေနိုင်ခဲ့ပေ၏။

စွမ်းအင်စုစည်းဆေးလုံး၏ ဆေးစွမ်းထိရောက်မှုက ချီစွမ်းအင်ဆေးလုံးထက် ငါးဆယ်ရာခိုင်နှုန်းသာ ပိုမိုမြင့်မားသော်လည်း သူ၏ရောင်းစျေးက ချီစွမ်းအင်ဆေးလုံး၏ နှစ်ဆဖြစ်ပေသည်။

ထိုစျေးနှုန်းက အလွန်မြင့်မားနေကြောင်း လူတိုင်းသိရှိကြသော်လည်း သိုင်းပညာရှင်များအတွက် အချိန်မှာငွေကြေးဖြစ်သည်။ သူတို့က ကြာမြင့်မည့်အချိန်ကို နည်းသွားအောင် ချုံ့နိုင်သောအစွမ်းရှိနေ၍ သူတို့မိသားစုများမှ ဂျူနီယာလေးများ ကျင့်ကြံရာတွင် အသုံးပြုနိုင်ရန်အတွက် ကြယ်တာရာယစ်မူးဂေဟာ၏ စွမ်းအင်စုစည်းဆေးလုံးများကို အရေအတွက်များပြားစွာ ဝယ်ယူခဲ့ကြပေ၏။

သို့သော် ယခု ယီဟန်က ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး၏ရောင်းစျေးမှာ ချီစွမ်းအင်ဆေးလုံးထက် နှစ်ဆယ်ရာခိုင်နှုန်းသာ ပိုများကြောင်း ပြောကြားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now