Chapter 323

1.4K 168 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

စာစဉ်  ( ၂၆ )

Unicode

Chapter-4

လင်းချောင်၏ မဲ့ရှုံ့နေသော အကြည့်ကိုမြင်သော် ဖန်းဝမ်နန်က တိတ်တဆိတ်ပင် ကျေနပ်မှုကို ခံစားခဲ့ရသည်။

ယခင်က လင်းချောင်က သူ့ကိုယ်သူနှိမ့်ချ၍ တောင်းပန်သည့်သဘောဖြင့် လျော်ကြေးပစ္စည်းများ ပေးအပ်ခဲ့၏။ အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားပြီးနောက် ဖန်းဝမ်နန်က သူ့အား အပြစ်မတင်တော့ရန် ဆုံးဖြတ်ထားခဲ့သည်။

သို့သော် လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့ရသော ကိစ္စက သူ၏နှလုံးသားထဲတွင် အနှောင်အဖွဲ့တစ်ခုအဖြစ် ရှိနေခဲ့ပေ၏။

ထို့ပြင် စိတ်ဝိညာဉ်ကျောက်စိမ်း အကြောင်း ယီယွမ်က ပြောလိုက်ချိန်တွင် ဖန်းဝမ်နန်၏ စိတ်ထဲ၌ ပို၍ပင် မကျေမနပ် ဖြစ်သွားခဲ့သည်။

သို့သော် လင်းချောင်၏ အမူအရာကိုကြည့်၍ ယီယွမ်၏ အပြုအမူက အတော်ကလေး ကရုဏာစိတ် ကင်းမဲ့နေခဲ့ပုံ ရပေ၏။ ဖန်းဝမ်နန်က သူ့အတွက် နောက်ခံတစ်ခု ရရှိသွားခဲ့သလို ခံစားခဲ့ရပြီး သူ၏စိတ်ကလည်း လန်းဆန်းသွားခဲ့သည်။

"ဒီကိစ္စက အဆုံးသတ်သွားပါပြီ… စီနီယာအစ်ကိုလင်း… ခင်ဗျားတို့က ကိုယ့်ဘာသာ ထွက်သွားတော့မလား… ဒါမှမဟုတ်….." ယီယွမ်က ပြောလိုက်၏။

လင်းချောင်က အံ့ဩသွားခဲ့သည်။ သူကချက်ချင်းပင် ခေါင်းကိုခါယမ်း၍ ပြောလိုက်၏။ "ငါတို့လေးယောက်မှာ ခွန်အားအကြီးဆုံးက ငါပဲ….." ဒီလျှို့ဝှက်နယ်မြေက အလွန် အန္တရာယ်ကြီးမားတယ်… ငါတို့ဘာသာ ထွက်သွားခဲ့မယ်ဆိုရင် တစ်ယောက်မှ အသက်မရှင်နိုင်ဘူး… ဂျူနီယာညီလေးယီက ငါတို့လေးယောက်ကို မင်းတို့နဲ့ အတူတူ သွားလာခွင့်ပေးမယ်လို့ ငါမျှော်လင့်မိပါတယ်….."

ယီယွမ်က ငြင်းပယ်လိုက်မည်ကို စိုးရိမ်ဟန်ဖြင့် လင်းချောင်က ပျော့ပျောင်းနူးညံ့စွာ ပြောဆိုခဲ့သည်။ "စိတ်အေးအေးထားပါ… ဂျူနီယာညီလေးယီ… ဒီခရီးမှာ စိတ်ဝိညာဉ်ကျောက်စိမ်းတွေ ရရှိနိုင်ခဲ့ကတည်းက အလွန်ကောင်းမွန်တဲ့ ရိတ်သိမ်းမှု ဖြစ်နေခဲ့ပါပြီ… ဒီနေရာက ဘယ်လို သဘာဝရတနာပစ္စည်းကိုမဆို ငါတို့က မလိုချင်တော့ပါဘူး… ငါတို့က အန္တရာယ်ကင်းစွာနဲ့ ထွက်သွားနိုင်ဖို့ပဲ ဆုတောင်းပါတယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now