Chapter 324

1.4K 166 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်  ( ၂၆ )

Unicode

Chapter-5

ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့မှ ဤသို့အပြုအမူကို ပြသခဲ့၍ ယူဖန်းက တိတ်တဆိတ်ပင် စိတ်သက်သာရာရသွားခဲ့ပြီး သက်ပြင်းချလိုက်မိသည်။

သူတို့က အခြားသူများ၏ နောက်လိုက်အဖြစ်နေပြီး သူတို့၏ အမိန့်ကို ကောင်းစွာနာခံခဲ့ခြင်းမှာ ယနေ့ကဲ့သို့ ယီယွမ်ကို လက်စားချေတုံ့ပြန်ရန် ဖြစ်၏။

ငြိမ်သက်တိမ်တိုက်အဖွဲ့ တစ်ခုလုံးကို လက်စားချေရန်မှာ လက်တွေ့မကျသော စိတ်ကူးတစ်ခုဖြစ်ကြောင်း ယူဖန်းက သိရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ အတွက် အမြောက်စာဖြစ်ပေးရန် လူများလိုအပ်နေသေး၏။ သို့သော် ယီယွမ်တစ်ဦးတည်းကို လက်စားချေခြင်းက မဖြစ်နိုင်သော အရာမဟုတ်ပေ။

ထို့ပြင် ငြိမ်သက်တိမ်တိုက်အဖွဲ့၌ ယီယွမ်၏ အဆင့်အတန်းက သေချာပေါက် မြင့်မားမည်ဟု ယူဖန်းက ပြောနိုင်ပေသည်။

အကယ်၍ ယီယွမ်ကို သုတ်သင်နိုင်ခဲ့ပါက ငြိမ်သက်တိမ်တိုက်အဖွဲ့ အတွက် အလွန်ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်သွားပေလိမ့်မည်။

ငြိမ်သက်တိမ်တိုက်အဖွဲ့က တစ်ယောက်တစ်လေမှ ဆုံးရှုံးခြင်းမရှိဘဲ လူအများရှေ့သို့ ရောက်လာခဲ့သည်ကို မြင်သော် သူတို့က ယီယွမ်မပါရှိဘဲ မည်သည့်အရာမှ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ယူဖန်းက သိရှိခံစားခဲ့ရ၏။

ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ အင်အားဖြင့်ဆိုပါက သူတို့ စိတ်ဆန္ဒရှိနေလျှင် ယီယွမ်က သံသယဝင်စရာမရှိ သေဆုံးရပေလိမ့်မည်။

"ဟမ့်… မင်းတို့ ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က ဘယ်တုန်းကများ တစ်ဖက်တည်းရဲ့ အပြောကို နားထောင်ပြီး ယီယွမ်ကို အပြစ်ပေးခွင့် ရှိသွားတာလဲ… ဝူကျောက်… ငါမင်းကိုပြောလိုက်မယ်… ငါ့အတွက် ယီယွမ်ကို လက်လွှဲပေးအပ်ဖို့ဆိုတာ လုံးဝမဖြစ်နိူင်ဘူး….." မိန်ကျန်းကလည်း ထိုအချိန်တွင် တင်းတင်းမာမာ တုံ့ပြန်လိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now