Chapter 317

1.4K 164 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၅ )

Chapter-12

ရက်အနည်းငယ် ကြာပြီးနောက် လူခုနှစ်ယောက် ရှစ်ယောက်က တောအုပ်ထဲမှ ထွက်လာခဲ့ကြ၏။ သူတို့ဦးတည်ရာ အရပ်မှာ အလွန်ကျယ်ဝန်းသော မြက်ခင်းပြင်ကျယ်ကြီး တစ်ခုဖြစ်ပေသည်။

လူအနည်းငယ်၏ အခြေအနေများက အလွန်ကောင်းမွန်ခြင်း မရှိခဲ့ပေ။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအများအပြား ရှိနေခဲ့ကြ၏။ သူတို့က အဓိကတိုက်ပွဲကြီးတစ်ခုကို ဖြတ်ကျော်လာခဲ့ရကြောင်း သိသာနေခဲ့သည်။

ဤလူအုပ်စုက အတိအကျပင် ငြိမ်သက်တိမ်တိုက်အဖွဲ့ လူအုပ်စု ဖြစ်ပေ၏။

"အကြီးအကဲမိန်… အဲဒီ အဆင့်(3) ကြည်လင်ခြင်းကိုးခု ရေခဲခြင်္သေ့က တော်တော်လေး အစွမ်းထက်တယ်နော်… ကျွန်တော်တို့ လူရှစ်ယောက် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာတောင် ကျွန်တော်တို့က ထွက်ပြေးလွတ်မြောက်ဖို့ပဲ စီစဉ်နိုင်ခဲ့တာ… ဒီလျှို့ဝှက်နယ်မြေမှာ အဆင့်(3) ဒီမွန်းသားရဲတွေရဲ့ ခွန်အားက ဘာလို့ ဒီလောက်အထိ မြင့်မားနေရတာလဲ….."

ထျန်းယွီ၏ အမူအရာမှတစ်ဆင့် သူက ယခင်တိုက်ပွဲကြီးမှ ကြောက်ရွံ့ဖွယ်ရာများကို ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်ကြောင်း လူတိုင်း သိမြင်နိုင်ပေသည်။

မိန်ကျန်းက ပြောခဲ့၏။ "လျှို့ဝှက်နယ်မြေက အဆင့်(3)ထက်ပိုတဲ့ ဒီမွန်းသားရဲတွေ ရှိမနေအောင် ကန့်သတ်ထားတယ်… ဒါကြောင့် ဒီမွန်းသားရဲတွေက အဆင့်တက်နိုင်မှုကို ထိန်းချုပ်ထားပြီး ပညာရပ်တွေကို နားလည်အောင် လုပ်ဆောင်တဲ့နေရာမှာ အင်အားကုန် ထုတ်သုံးထားကြတာပဲ… ဒါကြောင့်မို့ သူတို့က အဆင့်(3) ဒီမွန်းသားရဲတွေပဲ ဖြစ်ပေမဲ့ ပညာရပ်တွေကို နားလည်တဲ့နေရာမှာ သူတို့က ငါ့ထက် အများကြီး ပိုအစွမ်းထက်နေတာပဲ….."

"ဒီမွန်းသားရဲတွေက ပညာရပ်တွေကို နားလည်တဲ့နေရာမှာ သူတို့ရဲ့ အရည်အချင်းက လူသားတွေလောက် ကောင်းမွန်ခြင်းမရှိပေမဲ့ သူတို့ရဲ့ အားသာချက်က သက်တမ်းအလွန်ရှည်လို့ပဲ… တဖြည်းဖြည်းချင်း စုဆောင်းလာခဲ့တာတွေက တော်တော်လေး ခိုင်မာလာခဲ့တာပဲ….." ယီယွမ်က ထပ်ပေါင်း
ပြောဆိုလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now