Chapter 221

1.5K 190 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၈  )

Chapter-221

“ဟမ့်… ငါကစူးမိသားစုရဲ့အရေးကိစ္စတွေထဲ ဝင်မပါဘူးဆိုရင်တောင် ဒီကိစ္စတွေကို ဂရုစိုက်တဲ့အခြားလူတွေရှိသေးတယ်… မောက်မာတဲ့ငချွတ်ကလေး… အိုးရန်မိသားစုက ပေးလာမဲ့အပြစ်ဒဏ်ကို ရင်ဆိုင်ဖို့ ပြင်ထားတော့…..” ယောင်ချမ်က အခြားနည်းလမ်းတစ်ခုကို ရှာဖွေ၍ လှည့်ပတ်ခြိမ်းခြောက် ပြောဆိုခဲ့သည်။

“ဒါကအကြီးအကဲယောင်ရဲ့ အပူမပါပါဘူး… တကယ်လို့မိုးပြိုကျလာမယ်ဆိုရင်တောင် အဲဒါကို ကျွန်တော်ရင်ဆိုင်မယ်…..”

အကယ်၍ဒီစကားကို ယနေ့အချိန်မတိုင်မီ ကြားခဲ့ရပါက ဒီစကားများကို  ယောင်ချမ်က သေချာပေါက်ပင် လှောင်ပြောင်မိပေလိမ့်မည်။

သို့သော် ယနေ့တွင် ယီယွမ်၏နည်းလမ်းများက အဆုံးအစမဲ့သော ရေစီးကြောင်းများမှ ထွက်ပေါ်လာသည်နှင့် တူလှပေ၏။ သူကအဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်၌သာ ရှိနေသေးသော်လည်း ယောင်ချမ်ကဲ့သို့ ပင်လယ်အသွင်ပြောင်းလဲခြင်းနယ် ထူးချွန်သူတစ်ယောက်ပင် ယီယွမ်က ချိုးဖျက်ရန်ခက်ခဲသော ပိုက်ကွန်တစ်ခုကဲ့သို့ ခံစားခဲ့ရပေ၏။

သူ၏စကားများက ကြီးကျယ်သည်ဟု ထင်ရသော်လည်း ယီယွမ်ကအမှန်တကယ်ပင် ကြီးကျယ်နိုင်စွမ်းရှိနေပေသည်။

သို့ရာတွင် သူကဤကဲ့သို့ပုံစံမျိုးဖြင့် ယီယွမ်အား လွှတ်မပေးနိုင်ပေ။ ထိုသို့မဟုတ်ခဲ့လျှင် အကြီးအကဲတစ်ယောက်ဖြစ်သော သူ၏မျက်နှာကို မည်သည့်နေရာ၌ ထားရှိရတော့မည်နည်း။

“ဒီကိစ္စက ဒီနေရာမှာပြီးသွားပြီဆိုတော့ အဖွဲ့ရဲ့အတွင်းရေးကိစ္စကို ဖြေရှင်းကြတာပေါ့… ယီယွမ်… မင်းကအဖွဲ့ရဲ့ ဆေးလုံးဖော်မြူလာတွေကို ခိုးယူလာပြီး သာမန်ကမ္ဘာငယ်လေးတစ်ခုမှာ ထုတ်ဖော်ပြသခဲ့တယ်… ဒီပြစ်မှုကို ခွင့်လွှတ်ပေးလို့မရဘူး… အစကတော့ ငါကမင်းကို အဖွဲ့ဆီဝင်ရောက်ဖို့ လာရောက်ကြိုဆိုတာပဲ… ဒါပေမဲ့ အခုအဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ငါကရွေးချယ်စရာမရှိတော့ဘူး… ဒါပေမဲ့ မင်းကိုအဖွဲ့ဆီဖမ်းခေါ်သွားပြီး အဖွဲ့ရဲ့ဆုံးဖြတ်ချက်ယူရလိမ့်မယ်… မင်းကအညံ့ခံမလား… ဒါမှမဟုတ်ဆန့်ကျင်ပုန်ကန်မှာလား…..” ဤအချိန်တွင် ယောင်ချမ်က သူ၏နဂိုပုံစံဖြစ်သည့် မောက်မာသောအဖွဲ့အကြီးအကဲပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now