Chapter 251

1.5K 165 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(21)

Chapter-1

ကောင်းကင်မေပယ်ရုံးတော်တွင် ပုံရိပ်နှစ်ခုက အရှိန်နှုန်းမြင့်မားစွာဖြင့် တစ်ယောက်က ရှေ့မှပြေး၍ တစ်ယောက်က နောက်မှလိုက်နေခဲ့သည်။ သို့သော် သူတို့နှစ်ဦးကြားမှ အကွာအဝေးက အစမှအဆုံးထိ လျော့နည်းလာခြင်း မရှိခဲ့ပေ။

ယီယွမ်က ထွက်ပေါ်လာသော အသံကို တွက်ချက်၍ သွားနေခဲ့၏။ ဆေးဖော်စပ်ခြင်းအခန်းက စောစောက ဆေးအိုးပေါက်ကွဲသံ ထွက်ပေါ်လာသော နေရာတွင်ရှိကြောင်း သူကသိရှိပေသည်။

မကြာမီပင် ယီယွမ်က ထိုနေရာသို့ ရောက်ရှိလာခဲ့၏။ ဂိတ်စောင့်တပည့်လေးက နောက်မှ ဆက်လက်လိုက်ပါလာခဲ့သည်။

ဂိတ်စောင့်တပည့်လေးက မောပန်းမှုကြောင့် ဟောဟဲလိုက်နေခဲ့၏။ စောစောလေးက သူ၏စွမ်းရည်အကုန်ကို ထုတ်သုံးခဲ့သော်လည်း သူတို့နှစ်ယောက်ကြားမှ အကွာအဝေးကို လျှော့ချနိုင်ခြင်း မရှိခဲ့ပေ။ ထိုအစား သူကအသက်ထွက်လုမတတ် မောပန်းနေခဲ့၏။

သို့သော် ယီယွမ်က တည်ငြိမ်စွာရှိနေခဲ့ပြီး မောပန်းမှုအနည်းငယ်မျှပင် မရှိကြောင်း သူကမြင်တွေ့လိုက်ရသည်။

ဒီကောင်လေးက တကယ် အဆင့်(4)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ပဲ ရှိသေးတာလား…..

သူ၏ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည်သတိဝင်လာချိန်ပင် မရောက်ခဲ့သေးဘဲ ယီယွမ်က သဘာဝစွမ်းအင်များကို စုစည်း၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မဟာအကြီးအကဲ ကောင်းကင်မေပယ်ခင်ဗျာ… တပည့်ယီယွမ်က အဆင့်၉ နံပါတ်၃မစ်ရှင်ကို ထမ်းဆောင်လိုတဲ့အတွက် နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံး ဖော်မြူလာကို ပြည့်စုံအောင် ဖြည့်စွက်ဖို့အတွက် လာရောက်တာပါ…..”

စကားသံက မိုးထစ်ချုန်းသံကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ဂိတ်စောင့်တပည့်လေးက ထိန်လန့်မှုကြောင့် ဖြူဖျော့သွားခဲ့ပြီး သူ့ကိုယ်သူ တွေးလိုက်မိ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now