Chapter 224

1.6K 184 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၉ )

Chapter-2

ရက်ပေါင်းများစွာကြာပြီးသောအခါ…..

ဒန်ဝူအကယ်ဒမီတွင် ကျောင်းသားအနည်းငယ်မျှကိုသာ ကြိုကြားကြိုကြားတွေ့နေရသော်လည်း ကျောင်သားအားလုံးနီးပါးက မြေကွက်လပ်ကြီးတစ်ခုတွင် စုဝေးနေခဲ့ကြသည်။

ယီယွမ်က ပြန်လည်ကျန်းမာလာခဲ့ပြီဖြစ်သည်။ ဤအရာကြောင့်လည်း ယီယွမ်နှင့်လောင်ထန်က ဒန်ဝူအကယ်ဒမီမှ ထွက်ခွာ၍ အဖွဲ့ထဲသို့တရားဝင် ဝင်ရောက်ရတော့မည်ဖြစ်၏။

မူလက ယီယွမ်သည် တိတ်တဆိတ် ထွက်ခွာသွားရန် ရည်ရွယ်ထားခဲ့သော်လည်း ဂျင်ယွန်ဟီက နှုတ်ဆက်ခွဲခွာခြင်း စုဝေးပွဲကြီးတစ်ခု ပြုလုပ်ရန်ပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤအရာက ချင်နိုင်ငံ၏ ဒန်ဝူအကယ်ဒမီအတွက် ဆယ်နှစ်တာကလအတွင်း အကြီးကျယ်ဆုံး ဖြစ်ရပ်တစ်ခုဖြစ်သည်။ အကယ်ဒမီ၏ဌာနမှူးတစ်ယောက်အနေဖြင့် ဤအချက်ကြောင့် ဂုဏ်တက်ရသည်ဟု ခံစားရပေ၏။

ယီယွမ်က ဂျင်ယွန်ဟီ၏ စိတ်အားထက်သန်မှုကို ပျက်စီးသွားစေရန် စိတ်ကူးမရှိပေ။ ထို့ကြောင့်သူက သဘောတူလက်ခံခဲ့သည်။

“ယီယွမ်က ထွက်ခွာသွားရမယ်ဆိုတာ ငါကြိုပြီးထင်မြင်ခဲ့ပေမဲ့ အဲဒီနေ့က ဒီလောက်မြန်မြန် ရောက်ရှိလာလိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး…..”

“ဟုတ်တယ်… ဒီငနဲလေးက တော်တော်လေး ကြောက်စရာကောင်းတယ်… ငါတို့တွေနဲ့သူက ကမ္ဘာတစ်ခုခြားနားနေတယ်ဆိုတာ အသိသာကြီးပါ… ပိုပြီးမြင့်မားတဲ့ အဆင့်အတန်းတစ်ခုကသာ သူ့ရဲ့အရည်အချင်းနဲ့ကိုက်ညီပါတယ်…..”

“ယီယွမ်က အဖွဲ့ထဲကိုဝင်ရောက်တာ ငါတို့မျှော်လင့်ထားတဲ့ အတိုင်းအတာအတွင်း ရှိနေသေးတယ်… ဒါပေမဲ့ မင်းတို့က ထူးဆန်းတဲ့အချက်တစ်ခုကို သတိထားမိကြသေးလား… ယီယွမ်နဲ့ နီးနီးစပ်စပ် ရှိနေတဲ့ လူအားလုံးက သူတို့ကိုယ်သူတို့ အသစ်တစ်ယောက်ဖြစ်သွားစေတဲ့အထိ ပြောင်းလဲသွားနိုင်ကြတယ်…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now