Chapter 231

1.5K 192 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၉ )

Chapter-9

နောက်တစ်နေ့…..

ယီယွမ်က နံနက်စောစောတွင် ကျင့်ကြံခြင်းအခန်းများဆီသို့ ရောက်ရှိလာခဲ့သည်။

တာဝန်ကျနေသော တပည့်က ယီယွမ်ကို စောင်း၍ကြည့်လိုက်ပြီး အေးအေးဆေးဆေး ပြောဆိုလိုက်၏။ “မင်းရဲ့ကိုယ်ပိုင်တံတိပ်ပြားကို အစိမ်းရောင်အလင်းတိုင်မှာ တင်လိုက်ပြီး ကိုယ့်ဘာသာအခန်းရှာလိုက်တော့… ဒီအဆင့်အခန်းတွေ အများအပြားရှိနေသေးတယ်… မင်းကြိုက်တဲ့အခန်းကို ရွေးချယ်လိုက်…..”

“ကျွန်တော်က အေအဆင့် ကျင့်ကြံခြင်းအခန်းတစ်ခန်းကို လိုချင်ပါတယ်…..” ယီယွမ်က ရှင်းပြရန်စိတ်ကူးမရှိခဲ့ဘဲ တိုက်ရိုက်ပြောဆိုခဲ့သည်။

ထိုတပည့်က သူနားကြားမှားသွားခြင်းဟု ထင်သွားခဲ့၍ မေးမြန်းလိုက်၏။
“မင်းဘာပြောလိုက်တာလဲ…..”

“ကျွန်တော်က အေအဆင့် ကျင့်ကြံခြင်းအခန်းတစ်ခန်းကို လိုချင်တယ်လို့ ပြောလိုက်တာပါ…..” ယီယွမ်က နောက်တစ်ကြိမ် ထပ်မံပြောဆိုခဲ့သည်။

ထိုတပည့်က ယီယွမ်ကို နောက်တစ်ကြိမ် ထပ်မံလှည့်ကြည့်ခဲ့လိုက်ပြီး စူးစမ်းလိုစိတ်အပြည့်ဖြင့် မေးမြန်းလိုက်၏။ “မင်းမှာအဲဒီလောက်အမှတ်အများကြီးရှိလို့လား…..”

ယီယွမ်ကို အထင်သေးနေသည့်အတွက် ထိုတပည့်ကို အပြစ်တင်၍မရပေ။ အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ဟူသောခွန်အားမှာ အလွန်ဆုံးမှ အပြင်စည်းတပည့်တစ်ဦး၏ အဆင့်အတန်းသာ ရှိနေခဲ့၍ဖြစ်သည်။

အပြင်စည်းတပည့်များအတွက် အမှတ်များမှာ အလွန်တန်ဖိုးကြီးမားသောအရာတစ်ခု ဖြစ်၏။ ပုံမှန်အားဖြင့် သူတို့က အဖွဲ့သို့ ဝင်ရောက်လာကာစတွင် အဖွဲ့မှ ချီးမြှင့်ပေးသော အမှတ် 100ကိုသာ ပိုင်ဆိုင်ကြလေ့ရှိသည်။

သူတို့က အမှတ်များအတွက် အရင်းအမြစ်များ ပိုင်ဆိုင်ခြင်းမရှိပေ။ အကယ်၍ သူတို့က အဖွဲ့၏မစ်ရှင်များကို လုပ်ဆောင်လျှင်ပင် ဆုအဖြစ် အမှတ်အလွန့်အလွန်နည်းပါးသော မစ်ရှင်များကိုသာ ရွေးချယ်ရလေ့ရှိပြီး အလွန်ဆုံးမှ အမှတ်ရာအနည်းငယ်အထိသာ ရရှိနိုင်ကြ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now