Chapter 286

1.5K 183 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၃ )

Chapter-9

လက်ရှိအချိန်တွင် ယီယွမ်၏ စိတ်ဝိညာဉ်ခွန်အားက အတိတ်နှင့် နှိုင်းယှဉ်၍ မရတော့ပေ။ သူ၏စိတ်ဝိညာဉ်ခွန်အားကို ဓားကိုစေစားခြင်းပညာရပ်ဖြင့် အချိန်အတော်ကြာ အားဖြည့်ထားခဲ့ပြီး ဖြစ်သည်။

ဓားကိုစေစားခြင်းပညာရပ်ကို အသုံးပြုရန်အတွက် စိတ်ဝိညာဉ်ခွန်အား လိုအပ်မှုက အလွန်များပြားပေ၏။ သူကထိုပညာရပ်ကို အချိန်အတော်ကြာ အသုံးပြုနိုင်စွမ်း မရှိခဲ့ပေ။

ထို့ပြင် ဓားကိုစေစားခြင်းပညာရပ်က အစွမ်းထက်သော်လည်း ထျန်းယွီကဲ့သို့ စိတ်သလင်း ဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ကို ရင်ဆိုင်ရာတွင် အနည်းငယ်မျှပင် အသာစီးရမှု မရှိခဲ့ပေ။

သိုင်းကွက် ၁၂ကွက်ကျော် တိုက်ခိုက်ပြီးနောက် ယီယွမ်က သူ၏စိတ်ဝိညာဉ်ခွန်အားကို ပြန်လည်သိမ်းဆည်းကာ ကန်ဟွာဓားကို ပြန်လည်ခေါ်ယူလိုက်သည်။

ဤတစ်ကြိမ်တွင် ထျန်းယွီက အသာစီးရမှုအတွက် အခွင့်အရေးကို အသုံးချခြင်း မပြုခဲ့ပေ။ ယီယွမ်ကို ရင်ဆိုင်ရာတွင် တူညီသောနည်းလမ်းတစ်ခုကို ထပ်ကာထပ်ကာ အသုံးပြုခြင်းက အသုံးမဝင်ကြောင်း ထျန်းယွီက နားလည်နေခဲ့၏။

ထျန်းယွီက ယီယွမ်ကို တောက်လောင်နေသော မီးလျှံများကဲ့သို့ မျက်လုံးများဖြင့် ကြည့်နေခဲ့ပြီး အလွန်စိတ်လှုပ်ရှားနေသည့်ဟန် ပေါ်ပေါက်နေခဲ့သည်။

စောစောလေးက တိုက်ပွဲမှာ သူ့နှလုံးသား၏ ခံစားချက်ကို သိရှိသွားစေခဲ့ကြောင်း ပေါ်လွင်နေခဲ့၏။

“ကြည့်ရတာ စောစောလေးက တိုက်ပွဲမှာ မင်းက အဆင့်ချိုးဖျက်တက်ရောက်မှု အနည်းငယ် ရရှိခဲ့တယ်နဲ့တူတယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် မင်းက ငါ့ရဲ့တိုက်ခိုက်မှု အကွာအဝေးထဲကနေ လွတ်မြောက်ဖို့က မဖြစ်နိုင်ဘူး…..” ထျန်းယွီက ပြောလိုက်သည်။

ယီယွမ်က ကန်ဟွာဓား လက်ထဲရောက်လာပြီးနောက် ခေါင်းညိတ်၍ ပြောခဲ့၏။ “”တကယ်တော့ ကျွန်တော်ကလည်း အစက မီးဓာတ်သဘာဝ ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံထားတယ်လေ… ဒါပေမဲ့ ကျွန်တော်က မီးဓာတ်အသိကို နားလည်သဘောပေါက်ဖို့ မလုပ်ဆောင်နိုင်သေးဘူး… စောစောလေးကပဲ စီနီယာရဲ့ ကြီးမားများပြားလွန်းတဲ့ ဖိအားအောက်မှာ ကျွန်တော်က တကယ်ပဲ ဥာဏ်အလင်းအချို့ ရရှိခဲ့တယ်…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now