Chapter 313

1.4K 166 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၅ )

Chapter-8

"ငါက သူတို့ကို အချိန်ဆွဲထားမယ်… ယုထန်… မင်းက သူတို့ကို မြန်မြန် အဝေးကို ခေါ်သွားလိုက်တော့….." မိန်ကျန်းက သူ၏ဓားကို ဆွဲထုတ်၍ နောက်သို့ပင် လှည့်မကြည့်ဘဲ ပြောလိုက်၏။

သိသာထင်ရှားစွာပင် သူက အသေခံ၍ အခြားသူများ ဆုတ်ခွာနိုင်ရန် အနစ်နာခံ တားဆီးပေးမည်ဟု ဆုံးဖြတ်ထားခဲ့ပုံ ရပေသည်။

မိန်ကျန်း၏ နှလုံးသားထဲတွင် ဤတပည့်အားလုံးက အဖွဲ့၏အနာဂတ်များ ဖြစ်ကြ၏။ သူတို့ထဲမှ တစ်ဦးချင်းစီက သူ့ထက် အများကြီးပို၍ အရေးပါကြပေသည်။

သူက နောက်ထပ်ပို၍ တိုးတက်ရန်မရှိတော့သည့် အကြီးအကဲတစ်ယောက်သာ ဖြစ်ပြီး ဤတပည့်များက အနာဂတ်တွင် တောင်ပိုင်းကုန်းမြေကို ပွက်လောရိုက်သွားစေမည့် ပုဂ္ဂိုလ်များ ဖြစ်ကြပေ၏။

ယီယွမ်က ထိုသို့သော အခြေအနေကို မြင်သော် အတော်ကလေး ကျေနပ်သွားခဲ့သည်။ ငြိမ်သက်တိမ်တိုက်အဖွဲ့၏ အင်အားက ကြီးမားခြင်းမရှိသော်လည်း သူတို့၏ စည်းလုံးညီညွတ်မှုက အလွန်အင်အားကြီးလှပေ၏။

ငြိမ်သက်တိမ်တိုက်အဖွဲ့က လျှိုချင်ဖန်၊ ရှောင်ကျင့်နှင့် မိန်ကျန်းတို့ကဲ့သို့ ပုဂ္ဂိုလ်များ ရှိနေကြပေရာ သူတို့က မြောက်ပိုင်းကုန်းမြေသို့ ပြန်လည်ရောက်ရှိရန်အတွက် စိတ်ပူစရာ မည်သို့လိုအပ်တော့မည်နည်း။

အဖွဲ့က ဆုတ်ယုတ်လာခဲ့ခြင်းက ပြဿနာတစ်ခုမဟုတ်ပေ။ လူအများ၏ စိတ်ဓာတ်က ပျက်စီးသွားခြင်းမရှိသေးလျှင် သူတို့က နောက်တစ်ကြိမ် ပြန်လည်တောက်ပလာမည့် နေ့ရက်က ရောက်ရှိလာမည်မှာ အသေအချာပင် ဖြစ်သည်။

"ကြည်လင်ပြတ်သားခြင်း အဖွဲ့က သောင်းပြောင်းထွေလာ စိတ်ဓာတ်မျိုးစုံနဲ့ လူတွေစုဝေးနေတာကို ဘာလို့ သေတဲ့အထိ တိုက်ခိုက်ဖို့ လိုအပ်မှာလဲ….." ယီယွမ်က အေးအေးဆေးဆေးဖြင့် ပြုံးလိုက်ပြီး လက်တစ်ဖက် ဝှေ့ယမ်း၍ ကန်ဟွာဓားကို ထုတ်ယူလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now