Chapter 350

1.4K 158 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၈ )

Chapter-3

"ကောင်းပြီလေ… ဒီလိုဆိုရင်တော့ ငါ့နောက်က လိုက်ခဲ့ပါ….." ဝေ့ရှောင်းက ပြောလိုက်ပြီး စာကြည့်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

တံခါးမှထွက်လာပြီးနောက် ယီယွမ်၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားခဲ့၏။ ထိုအခြေအနေက အလွန်လှပသောနိဗ္ဗာန်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်နှင့် တူညီပေသည်။

စီးဆင်းနေသော
စမ်းချောင်း တစ်ခုကို
ဖြတ်၍ဆောက်ထားသော တံတားငယ်တစ်ခု၊ အဆောက်အဦးကြီးများ၊ စိုက်ခင်းများနှင့် မျှော်စင်ကြီးများအပြင် ၎င်းတို့၏ ညာဘက်ဘေး၌ အလွန်လှပဝေဆာစွာဖြင့် ပွင့်လန်းနေကြသော မက်မွန်တောအုပ်ကြီးတစ်ခု ရှိနေပေ၏။

မှင်တက်စရာကောင်းသော မြင်ကွင်းက လူအများကို လုံးဝပင် စိတ်အပန်းပြေပြီး လန်းဆန်းသွားစေသည့် ခံစားချက်တစ်ခုကို ရရှိစေခဲ့သည်။

ယီယွမ်က လေးစားစွာဖြင့် သက်ပြင်းချလိုက်ရုံသာ တတ်နိုင်ခဲ့၏။ လူလင်ဖုန်းက အမှန်တကယ်ပင် နတ်ဘုရားနိုင်ငံတော်သို့ တက်ရောက်လာခြင်းမပြုခင် ဤခွန်အားမျိုး ရှိနေခဲ့ပေသည်။ သူ၏တာအိုကို မဟာယန်ဒီဗိုင်းဘုရင်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။

တံခါး၏အပြင်ဖက် မလှမ်းမကမ်းတွင် ပွင့်နေသောနယ်မြေတစ်ခု ရှိနေခဲ့၏။ ကျောက်စာချပ် သုံးခုကို ထိုပွင့်နေသော နယ်မြေတွင် ထားရှိထားခဲ့သည်။

"အဲဒါက ဝင်္ကပါအတွဲသုံးခုကျမ်းလား…" ယီယွမ်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

ဝေ့ရှောင်းက ခေါင်းညိတ်၍ပြောခဲ့သည်။ "ဟုတ်တယ်… အတွဲသုံးခုထဲက တစ်ခုထဲကို မင်းရဲ့နတ်ဘုရားစိတ်အာရုံ ထည့်သွင်းလိုက်တာနဲ့ မင်းက

နားလည်သွားလိမ့်မယ်….."

ယီယွမ်က ခေါင်းညိတ်လိုက်ပြီး ဝေ့ရှောင်းပြောသလို သူ၏နတ်ဘုရားစိတ်အာရုံကို ဘယ်ဘက်အစွန်ဆုံးရှိ ကျောက်ချပ်အတွင်းသို့ ထည့်သွင်းလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now