Chapter 302

1.4K 173 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၄ )

Chapter-11

အိပ်မက်တိမ်တိုက်တောင်ကြောအတွင်းရှိ နက်ရှိုင်းသော တောင်ကြားတစ်ခုတွင် လူရိပ်သုံးခုက အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြင့်  လှုပ်ရှားနေခဲ့ပြီး မြေကွက်လပ်တစ်ခုတွင် ရပ်တန့်လိုက်ကြသည်။

ထိုလူသုံးယောက်က အခြားသူများ မဟုတ်ကြဘဲ ယီယွမ်နှင့် မိန်းကလေးနှစ်ယောက် ဖြစ်ကြ၏။

ယန်အာက ယီယွမ်၏ ငယ်ရွယ်ပြီး ချောမောသော ရုပ်ရည်ကို ကြည့်၍ အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။ “အသက် ၁၆နှစ်မပြည့်သေးတဲ့ အဆင့်(7) စိတ်ဝိညာဉ် ဖွဲ့စည်းဖြင်းနယ်ပယ် တစ်ယောက်ပါလား… ဒီလိုကျင့်ကြံမှု အမြန်နှုန်းက မဆိုးဘူးလို့ သတ်မှတ်လို့ရတယ်…..”

ယီယွမ်ကလည်း တူညီစွာပင် ပြုံး၍ ပြောခဲ့၏။ “ယန်အာမိန်းကလေးက ကျွန်တော့်ကို မြှောက်ပြောနေတာပဲ…..”

ယန်အာက အံ့အားတကြီး ပြောဆိုလိုက်သည်။ “ရှင်က ကျွန်မရဲ့ နာမည်ကို တကယ်ပဲမှတ်မိနေတယ်ဆိုတော့ ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ… ပြီးတော့ အဖွဲ့တွေမှာ ရှင့်လို ငယ်ရွယ်ပြီး သူရဲကောင်းဆန်တဲ့ လူငယ်လေးတစ်ယောက် ရှိနေဖို့ဆိုတာ အတော်ရှားပါးတယ်… ကျွန်မမျှော်လင့်ထားတာထက် ပိုလွန်နေခဲ့ပါပြီ…. ကျွန်မတို့ သေဆုံးတာကို ရပ်ကြည့်နေခဲ့တဲ့ လူတွေအားလုံးက သွေးအေးပြီး ကျောက်ရုပ်တွေနဲ့တူနေတယ်… သူတို့အားလုံး မိစ္ဆာသားရဲတွေရဲ့ စားသုံးခြင်း ခံရပါစေလို့ ကျွန်မ မျှော်လင့်မိပါတယ်…..”

“ယန်အာ… သခင်လေးက ငါတို့ကို ကယ်ဆယ်ပေးခဲ့သူပဲ… သူ့ကို မင်းက ဘယ်လိုမျိုး ပြောဆိုနေတာလဲ…..” ရုပ်ဆိုးသောမိန်းကလေးက ဟန့်တားပြောဆိုခဲ့၏။

ယီယွမ်က သူ၏လက်ကို ဝှေ့ယမ်း၍ ပြောဆိုလိုက်သည်။ “ကိစ္စမရှိပါဘူး… ယန်အာမိန်းကလေးက စကားပြောပွင့်လင်းတဲ့သူပဲ… ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တော်တော်လေး တူညီပါတယ်… ဒီစကားတွေက အစွဲအလမ်းကြီးပြီး အနည်းငယ် ရက်စက်တဲ့ပုံ ရနေတာပါ… ကျွန်တော့်ရဲ့ စီနီယာတွေက မင်းတို့ကို မကူညီချင်လို့ မဟုတ်ပါဘူး… သူတို့ရဲ့စိတ်ဆန္ဒက ကူညီချင်ပေမဲ့ သူတို့ရဲ့အင်အားက မလုံလောက်ခဲ့လို့ပါ… မင်းတို့လည်း မြင်ကြတာပဲလေ… ကြည်လင်ပြတ်သားခြင်းအဖွဲ့မှာ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ထူးချွန်သူနှစ်ယောက် ရှိနေတယ်လေ… တကယ်လို့ ကျွန်တော်တို့က တိုက်ခိုက်ကြမယ်ဆိုရင် ကျွန်တော်တို့အုပ်စုက သေချာပေါက် ဆုံးရှုံးမှုကြီးမားမှာပဲ… ကျွန်တော်တို့အုပ်စုက သူတို့အုပ်စုထက် အင်အားနိမ့်ကျတယ်လေ… အုပ်စုတိုင်းက အဖွဲ့တွေရဲ့ အကောင်းဆုံး အင်အားစုတွေပဲလေ… တကယ်လို့ သူတို့က တစ်ခုခုဖြစ်သွားမယ်ဆိုရင် အဖွဲ့အနေနဲ့ အဲဒီလိုအဖြစ်အပျက်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now