Chapter 319

1.4K 162 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၅ )

Chapter-14

သွေးဆာကောင်းကင်ဝံပုလွေ ဘုရင်၏ တိုက်ခိုက်မှုစွမ်းရည်က အလွန့်အလွန် အစွမ်းထက်လှပေသည်။ မိန်ကျန်းက တိုက်ခိုက်ရန် အတွက် အဆင့်(9) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် အထွတ်အထိပ်အဆင့်၌ ထိန်းချုပ်တိုက်ခိုက်နေသော်လည်း အန္တရာယ်ကို နေရာတိုင်းတွင် ကြုံတွေ့နေခဲ့ရ၏။

သူက အော်ဟစ်လိုက်ရာ ဝံပုလွေဘုရင်က သူ၏လက်သည်းများဖြင့် ကုတ်ဆွဲရန် အခွင့်အရေး ပေးလိုက်ရလုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် လင်းချောင်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်၏။ "စိတ်မြန်လက်မြန် မဖြစ်ပါနဲ့… အကြီးအကဲမိန်… ဒီဂျူနီယာက အကောင်းဆုံး အခြေအနေကို မရောက်သေးပါဘူး….."

"လင်းချောင်… မင်း….."

မိန်ကျန်းက သွေးအန်လုနီးပါး ဖြစ်သည်အထိ ဒေါသထွက်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူက ဝံပုလွေဘုရင်၏ သတ္ထုလက်သည်းကို ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ဘဲ သူ၏လက်မောင်းတွင် ထိခိုက်ဒဏ်ရာ ရသွားခဲ့၏။ သွေးများက ချက်ချင်းပင် စီးကျလာခဲ့သည်။

မိန်ကျန်းက သူ၏မေးရိုးကို တင်းနေအောင် အံကြိတ်ထားခဲ့ပြီး ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ခွန်အားကို ထုတ်ဖော်ချင်စိတ် ပေါ်ပေါက်လာခဲ့၏။ သို့သော် ဝမ်ဖန်သက်သေပြသွားသော ဖြစ်ရပ်က သူ၏စိတ်ထဲ၌ လတ်လတ်ဆတ်ဆတ် ရှိနေခဲ့ပေသည်။ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ခွန်အားကို ထုတ်သုံး၍ မရနိုင်ပေ။

ဤတွေဝေနေမှုကြောင့် မိန်ကျန်းက ချက်ချင်းပင် ဝံပုလွေဘုရင်၏ ဖိအားပေးမှုကို ခံရပြီး အဖက်ဖက်က နိမ့်ကျနေသည့် အနေအထားသို့ ရောက်ရှိသွားခဲ့၏။

ဤဝံပုလွေဘုရင်၏ ခွန်အားမှာ စောစောလေးက ကြည်လင်ခြင်းကိုးခု ရေခဲခြင်္သေ့နှင့် နှိုင်းယှဉ်နိုင်ခြင်းမရှိသော်လည်း စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သို့ အဆင့်နှိမ့်ထားခဲ့သည့် မိန်ကျန်းထက် အနည်းငယ် ပိုမိုသန်မာနေခဲ့ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now