Chapter 383

1.2K 144 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၀ )

Chapter8

(ရှင်တို့အားလုံး ကျွန်မကို အနိုင်ကျင့်ကြတယ်)

မီးလျှံကိုထိန်းချုပ်ခြင်းက ချက်ပြုတ်ခြင်းနှင့် တူပေ၏။ ဟင်းခွက်တစ်ခွက် ချက်ပြုတ်ခြင်းက လွယ်ကူသော်လည်း အနံ့အရသာနှင့် ပြည့်စုံသော ဟင်းခွက်တစ်ခွက်ကို ချက်ပြုတ်ရခြင်းက ပို၍ခက်ခဲပြီး အထူးသဖြင့် ရှုပ်ထွေးလှသော ဟင်းခွက်များပင် ဖြစ်သည်။

မီးလျှံကို လိုအပ်သလို ထိန်းချုပ်ခြင်းက မဖြစ်နိုင်လောက်သည်အထိ တိကျရပေ၏။

ကျယ်ပြန့်သောဥမြစ် စွမ်းအင်လှုံ့ဆော်ခြင်း ဆေးလုံးမှာ အလွန်ရှုပ်ထွေးသော နည်းလမ်းများပါရှိသည့် ဟင်းခွက်တစ်ခွက်နှင့် တူညီသည်။ ထိုဟင်းခွက်ကို ချက်ပြုတ်လိုပါက မီးလျှံကို ထိန်းချုပ်ရန်အတွက် စိတ်ခွန်အား အလွန်အမင်း ကုန်ဆုံးရန် လိုအပ်ခဲ့၏။

စောစောလေးက  ရှောင်ရူယန်၏ သုံးစွဲခဲ့ရမှုမှာ ကြီးမားနေခဲ့ပြီးဖြစ်သည်။ ယခု ထိုအရာက ပို၍ပင် များပြားလာခဲ့၏။

သို့သော် ရှောင်ရူယန်၏ စိတ်ခွန်အားက ယီယွမ်၏ သူမအပေါ်မြင်သော အမြင်ကို ယခင်ကနှင့် မတူတော့ဘဲ ပြောင်းလဲသွားစေခဲ့သည်။ သဘာဝစွမ်းအင်နှင့် စိတ်ဝိညာဉ်ခွန်အားတို့က အကန့်အသတ်သို့ ရောက်ရှိနေခဲ့သော အခြေအနေအောက်တွင် သူမက အားတင်း၍ တောင့်ခံထားနိုင်ခဲ့၏။

"ဆေးလုံးသိပ်သည်းမယ်…." ရှောင်ရူယန်က ချစ်စရာကောင်းသော အသံဖြင့် ရေရွတ်လိုက်သည်။ နူးညံ့သောပေါက်ကွဲသံများ ဆေးအိုးအတွင်းမှ ထွက်လာခဲ့ကြ၏။

"ဒုတိယသခင်မလေး….."

"မိန်းကလေးရူယန်….."

ဆေးလုံးဖြစ်တည်လာသော အချိန်တွင် ရှောင်ရူယန်က နောက်ထပ် တောင့်ခံနိုင်သော အစွမ်းမရှိတော့ဘဲ အားနည်းစွာဖြင့် ပြိုလဲသွားခဲ့သည်။ ယီယွမ်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ပြီး သူက ရှောင်ရူယန်ကို ပြိုလဲမသွားအောင် ဖမ်းဆီးလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now