Chapter 399

2.6K 171 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၁ )

Chapter-10

(ပထမတန်းစားမိသားစု)

ယနေ့အချိန်မတိုင်မီအထိ ထုံယုံချန်က မြင့်မားပြီး အားမာန်တက်ကြွသော စိတ်အခြေအနေကို ပိုင်ဆိုင်ထားပြီး သူ၏ တောက်ပမှုက မြို့တော်ရှိ ဂျူနီယာမျိုးဆက်မှ လူတိုင်းကို ဖုံးအုပ်ထားနိုင်ပြီး ရှောင်မိသားစု၏ ဂျူနီယာ ရှောင်ရူဖုန်းကိုပင် သူ၏ခြေအောက်သို့ ရောက်ရှိစေနိုင်ခဲ့သည်။

သို့သော် သူက အထွတ်အထိပ်သို့ ရောက်ရှိတော့မည့်အချိန်တွင် သူကယီယွမ်ကြောင့် လုံးဝပင် ပြောင်းလဲသွားခဲ့ရပြီး ချက်ချင်း အောက်သို့ ထိုးဆင်းသွားခဲ့ရပေ၏။

ဤနေရာတွင် အထွတ်အထပ်သို့ ရောက်ရန် ပြိုင်ပွဲကို အသာထား၍ ညီမျှသည့်ပြိုင်ပွဲတစ်ခုပင် မဟုတ်ခဲ့ပေ။ သူ့ထက်ငယ်ရွယ်သော ဂျိချင်ဆိုသည့် မှော်ဆေးပညာရှင်က သူ့ထက် ကျင့်စဉ်နယ်ပယ် နိမ့်ကျနေသည့်တိုင် ထုံယုံချန်ကို အနိုင်ယူရန်အတွက် စစ်မှန်သောစွမ်းအားကိုသာ အသုံးပြုခဲ့သည်။

တောက်ပမှုမရှိသည့်အပြင် ချွန်ထက်မှုလည်းမရှိသည့်
သံမဏိလက်နက်တစ်ခုကြောင့် ရရှိသောဒဏ်ရာက တစ်ဖက်သွားဓားနှင့် နှစ်ဖက်သွားဓားတို့ကြောင့် ရရှိခဲ့သော ဒဏ်ရာများထက် ပို၍ကုသရ ခက်ခဲပေ၏။

ထုံဖန့်ရှောက ယနေ့ပြီးနောက် ထုံံယုံချန်မှာ အမှိုက်များအတွင်းသို့ တိုးဝင်
ပျောက်ကွယ်သွားတော့မည့် အကြောင်းကို သိရှိပေသည်။

သို့သော် လက်ရှိအချိန်တွင် သူစိုးရိမ်ရမည့်အရာမှာ ထိုကိစ္စမဟုတ်ပေ။ ယခုစိုးရိမ်နေသည်က မှော်ဆေးပညာရှင် အစည်းအရုံးကို ရန်စစော်ကားမိခဲ့ခြင်းနှင့် ရှောင်မိသားစုက သူတို့၏နေရာကို ယူဆောင်သွားပြီး ဖိနှိပ်မှုတို့အောက်တွင် ထုံမိသားစုက ရှင်သန်နိုင်စွမ်း ရှိမည်မရှိမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။

ထိုအကြောင်းကို သူကတွေးလိုက်မိပြီးနောက် ထုံဖန့်ရှောက ကူရာကယ်ရာမဲ့စွာဖြင့် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Mar 11, 2020 ⏰

Add this story to your Library to get notified about new parts!

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now