Chapter 388

1.1K 154 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ် ( ၃၀ )

Chapter13

(သူပြောတာအမှန်ပဲ)

ယန်ရှို့က ရလဒ်များ ထုတ်ပြန်တော့မည့်အချိန်တွင် ရှောင်ချန်ဖုန်းနှင့် သူ၏သားတို့၏ အမူအရာများက အလွန်အရုပ်ဆိုးသွားခဲ့သည်။

မှားယွင်းသောခြေလှမ်းကို လှမ်းမိခဲ့ကြပြီး ပထမဆုံးပြိုင်ပွဲကို ရှုံးနိမ့်ခဲ့ရပြီဖြစ်၏။ ထိုကိစ္စက ရှောင်မိသားစုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း သိသာလှပေသည်။

ထို့ပြင် ရှောင်ရူယန်က အနည်းငယ် အခွင့်မသာခဲ့မှုကြောင့် ယှဉ်ပြိုင်ပွဲကို ရှုံးနိမ့်ခဲ့ရ၏။ ထိုအရာက သူမ၏ နောင်ဖြစ်လာမည့် ယှဉ်ပြိုင်ပွဲကို သက်ရောက်မှုရှိလာမည့် အဖြစ်မှ ရှောင်ရှားရန် ခက်ခဲပေသည်။

သို့သော် ထိုအချိန်တွင် ယီယွမ်က ရုတ်တရက် မတ်တတ်ထရပ်ခဲ့၏။

"တစ်မိနစ်လောက် စောင့်ဆိုင်းပေးပါဦး….."

ယန်ရှို့၏ မျက်ခုံးများက တွန့်ကွေးသွားခဲ့ပြီး သူက စိတ်အနှောင့်အယှက်

ဖြစ်သွားဟန်ဖြင့် ပြောလိုက်သည်။ "အဲဒါက ဘာပဲဖြစ်ဖြစ် ငါရလဒ်တွေ ထုတ်ပြန်ပြီးတဲ့ အချိန်အထိ စောင့်နေဦး… ဒါပြီးမှပြော… အခုပြန်ထိုင်လိုက်….."

ယီယွမ်က လက်သီးလက်ဝါးဆုပ်ပြီး အရိုအသေပေး၍ ပြောခဲ့၏။ "အရှင်… ဒီပြိုင်ပွဲရဲ့ အနိုင်ရသူက ရှောင်မိသားစု

ဖြစ်သင့်ပါတယ်….."

ယန်ရှို့၏ မျက်နှာအမူအရာက တင်းမာသွားခဲ့သည်။ သူ၏လေသံကလည်း အေးစက်သွားခဲ့ကာ ပြောလိုက်၏။ "ငါတို့ခုနှစ်ယောက်က ထုံမိသားစုကို မျက်နှာလိုက်ခဲ့တယ်လို့ မင်းက

မေးခွန်းထုတ်နေတာလား….."

သို့သော် ယီယွမ်က ပြုံး၍ ပြောခဲ့သည်။ "ကျွန်တော်က ဒီအမှတ်ကိစ္စပေါ်မှာပဲ ပြောနေတာပါ… ထုံယုံရွှေက အဖြေလေးခု မှားယွင်းခဲ့တယ်… ဒါကြောင့် ဒီယှဉ်ပြိုင်မှုက သူ့ရဲ့အရှုံးပဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now