Chapter 266

1.5K 179 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၂ )

Chapter-2

စင်းယုက ယီယွမ်ကို ဆန့်ကျင်ဘက်အရပ်မှ ပျက်ယွင်းနေသော မျက်နှာဖြင့် ကြည့်နေခဲ့ပေသည်။

သူက ဤဆိုးရွားလွန်းသော ကြယ်ပွင့်နှင့် ပထမဆုံးတိုက်ပွဲတွင် ရင်ဆိုင်ကြုံတွေ့ရမည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့ပေ။

စင်းချန်က ယခင်အကြိမ် ပြန်ရောက်လာခဲ့စဉ်က ယီယွမ်ကို နောက်ထပ်တစ်ကြိမ် ရန်စခြင်းမပြုရန် သူကစင်းယုကို ပြင်းပြင်းထန်ထန် သတိပေးထားခဲ၏။

မင်းကဟာသလုပ်နေတာလား… အသစ်ဝင်ရောက်လာတဲ့ တပည့်လေးတစ်ယောက်က အမှတ်ပေါင်း၁သန်းကျော် လက်ထဲမှာရှိနေတယ်လေ… သူ့မှာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ နောက်ခံအသိုင်းအဝိုင်း ရှိနေတယ်လို့ ဘယ်သူက သိနိုင်မှာလဲ…..

သာမန်အကြီးအကဲတွေတောင် အဲဒီလောက်များပြားတဲ့ အမှတ်တွေ ရှိမနေနိုင်ပေမဲ့ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် တပည့်တစ်ယောက်မှာ ရှိနေခဲ့တယ်… အဲဒီအရာက တော်တော်လေး ထူးဆန်းသွားပြီ…..

သူ၏အစ်ကိုကြီးစကားကို နားထောင်ခဲ့ရပြီးနောက် ယီယွမ်က သူရန်စစော်ကားနိုင်မည့် သူတစ်ယောက်မဟုတ်ကြောင်း စင်းယုက သိရှိသွားခဲ့ပေသည်။

ပထမဆုံးတိုက်ပွဲတွင် အလွန်တိုက်ဆိုင်စွာဖြင့် ယီယွမ်နှင့် တွေ့ဆုံရမည်ဟု သူလုံးဝမျှော်လင့်ထားခြင်း မရှိပေ။

“အဖွဲ့မဟာယှဉ်ပြိုင်ပွဲကြီးက အခုစတင်ပါပြီ…..”

သိုင်းပညာခန်းမ အကြီးအကဲ၏ အသံက နောက်ထပ်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့၏။ မဟာယှဉ်ပြိုင်ပွဲကြီးက တရားဝင် စတင်ခဲ့ပြီဖြစ်သည်။

ပြင်းထန်သော တိုက်ခိုက်သံများက တစ်ခုပြီးတစ်ခု ထွပ်ပေါ်လာခဲ့ကာ တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ချက်ချင်းဆူညံသွားစေခဲ့၏။ သို့ရာတွင် စင်မြင့်နံပါတ် ၅၂ကဲ့သို့ စင်မြင့်အချို့က တိတ်ဆိတ်နေခဲ့ကြ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now