Chapter 285

1.4K 181 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၃ )

Chapter-8

ထျန်းယွီက အမှန်တကယ်ပင် မီးဓာတ်သဘာဝ သိုင်းပညာရပ်တစ်ခုကို ဤအဆင့်အထိ ကျင့်ကြံနိုင်ခဲ့မည်ဟု လူတိုင်းက မထင်ခဲ့ကြပေ။

စင်မြင့်ပေါ်တွင် ထျန်းယွီနှင့် ယီယွမ်တို့၏ လှုပ်ရှားမှုများက အံ့မခန်းအခြေအနေအထိ မြန်ဆန်နေခဲ့ပြီဖြစ်သည်။ အရိပ်နှစ်ခုက ဟိုမှသည်မှ ထွက်ပေါ်လာ၍ တိုက်ခိုက်နေခဲ့ကြသည်ကိုသာ မြင်ရပေ၏။

အရိပ်များအတွင်း၌ အနီရောင်အလင်းတန်း တစ်ခုက အလွန်ထူးခြားသော မျဉ်းတစ်ကြောင်းကို ရေးဆွဲနေခဲ့သည်။ ထိုအရာက ထျန်းယွီ၏ မီးကဲ့သို့ရဲရဲတောက်နေသော လက်ချောင်းဖြစ်၏။

မီးတိမ်တိုက်လက်ချောင်းက အလွန့်အလွန် အစွမ်းထက်သော အနီးကပ်တိုက်ခိုက်မှု ပညာရပ်ဖြစ်သည်။ ထိုပညာရပ်၏ စွမ်းအားက အလွန့်အလွန် ကြီးမားလှပေ၏။

အကယ်၍ ယီယွမ်က ထျန်းယွီ၏ လက်ချောင်းထိပ်နှင့် ပွတ်ထိမိလျှင်ပင် သူက အများဆုံးအနေဖြင့် တိုက်ခိုက်နိုင်သော
စွမ်းအားကို ချက်ချင်း
ဆုံးရှုံးသွားစေနိုင်သည်။ အကယ်၍ ယီယွမ်ကသာ ထိုလက်ချောင်းနှင့် တိုက်ရိုက်ထိတွေ့ခဲ့လျှင် ထွက်ပေါ်လာမည့်ရလဒ်ကို ပြောရန်မှာ အမှန်တကယ်ပင် ခက်ခဲလှ၏။

ယီယွမ်၏ ခွန်အားက ကြီးမားသော်လည်း မည်သို့ပင်ဆိုစေကာမူ သူကအဆင့်(4) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ်တွင်သာ ရှိနေပေသေးသည်။ သူ၏ သဘာဝစွမ်းအင် အကာအကွယ်က စိတ်သလင်း ဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်နှင့် ယှဉ်လိုက်ပါက အလွန်အမင်း အားနည်းလှပေ၏။

ယီယွမ်က သူ၏တိုက်ခိုက်မှု တစ်ခုကိုပင် ခုခံနိုင်ခြင်းမရှိသော ပြိုင်ဘက်တစ်ဦးအဖြစ် ထျန်းယွီက ယူဆသတ်မှတ်ခြင်းမရှိပေ။ သူက လက်ရှိအချိန်တွင် စွမ်းအားကုန်ထုတ်သုံးနေခဲ့ပြီး မည်သည့်သိုင်းကွက်မှ ထိမ်ချန်ထားခြင်း မရှိခဲ့ပေ။

ထိတွေ့မှုတစ်ခု ဖြစ်သွားသည်နှင့် ရလဒ်က အမှန်တကယ်ပင် ပေါ်လွင်ထင်ရှားသွားတော့မည် ဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now