Chapter 249

1.4K 182 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် - ( ၂၀ )

Chapter-13

“အမှတ်စိန်ခေါ်ခြင်း ဟုတ်လား… မင်းမှာ အမှတ်ဘယ်လောက်များ ရှိလို့လဲ…..” ယီယွမ်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

ခန်းမအတွင်းရှိ လူအများမှာ ယီယွမ်က သူ့သေတွင်းသူရှာနေခဲ့သည်ကို မြင်သော် ကူရာကယ်ရာကင်းမဲ့စွာဖြင့် သက်ပြင်းချလိုက်ကြ၏။

စင်းချန်၏ ခွန်အားက မိုးကောင်းကင်အုပ်စုတန်းလျားသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။ စင်းချန်က အဆင့်(4)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ဖြစ်သော ယီယွမ်ကို အလွယ်တကူ ဖမ်းဆီးနိုင်ပေသည် မဟုတ်ပေလော။

သို့သော် ယီယွမ်က လုံးဝ သတိမထားမိခဲ့ပေ။ ထိုအစား အမှတ်များအကြောင်း ကြားလိုက်ရချိန်တွင် သူကအလွန် တက်ကြွသွားခဲ့သည်မှာ စင်းချန်၏ အမှတ်များကို သူကပိုင်ဆိုင်ရတော့မည့် ပုံစံမျိုးပြုမူနေခဲ့၏။

ပထမတွင် စင်းချန်က မှင်တက်သွားခဲ့သော်လည်း အေးစက်စွာဖြင့် လှောင်ပြောင်ပြောဆိုလိုက်သည်။ “မင်းက စင်းယုရဲအမှတ်တွေကို ယူဆောင်ထားတယ်ဆိုရင်တောင် အမှတ်အားလုံးပေါင်းက ၁ထောင်ဝန်းကျင်ပဲ ရှိနေတာမဟုတ်လား… ငါ့မှာ အမှတ်ဘယ်လောက်ရှိလဲ ဆိုတာတောင် မေးလိုက်သေးတယ်ပေါ့… ငါကမင်းမှာရှိတဲ့ အမှတ်တွေ အကုန်လုံးကို လောင်းကြေးထပ်မယ်…..”

အမှတ်စိန်ခေါ်ခြင်းက အဖွဲ့မှ ခွင့်ပြုပေးထားသည့် ယှဉ်ပြိုင်ခြင်းနည်းလမ်းတစ်ခု ဖြစ်၏။ စိန်ခေါ်တိုက်ခိုက်ကြသူများက တိကျသော အမှတ်အရေအတွက်ကို လောင်းကြေးထပ်ကြရသည်။ အနိုင်ရရှိသူက အခြားသူ၏ အမှတ်များကို ရရှိပိုင်ဆိုင်နိုင်ပေ၏။

ဤသို့သော စိန်ခေါ်မှုမျိုးက အမှတ်အကန့်အသတ်မရှိပေ။ ပြိုင်ဖက်ကို သေဆုံးခြင်းမရှိစေရသည်မှ လွဲ၍ ကျန်သောအရာအားလုံး လုပ်ဆောင်ခွင့်ရှိပေသည်။

ယီယွမ်က အဖွဲ့သို့ ဝင်ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးကြောင်း သိခဲ့ရ၏။ ယီယွမ်က စင်းယုနှင့် အခြားသူများ၏ အမှတ်များကို ယူဆောင်ထားခဲ့လျှင်ပင် အမှတ်ပေါင်း ၁ထောင်ခန့်သာ ရှိနေပေလိမ့်မည်။ သူကိုယ်တိုင် အမှတ်အနည်းငယ် လောင်းကြေးထပ်လိုက်ရုံဖြင့် ယီယွမ်၏ အမှတ်များက ကုန်ဆုံးသွားရလိမ့်မည်ဟု စင်းချန်က ထင်မြင်နေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now