Chapter 329

1.4K 156 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၆ )

Unicode

Chapter-10

ဓား၁၈လက်ရုပ်သေးများ၏ ခန္ဓာကိုယ်များက နေရာရွှေ့ပြောင်းသွားခဲ့၏။ မိန်ကျန်းနှင့် ကျန်သည့်သူများက အစွမ်းထက်သော ဖိအားတစ်ခုကို ချက်ချင်းပင် ခံစားလိုက်ရသည်။

သို့သော် ယီယွမ်က ဤမြင်ကွင်းကိုမြင်သော် သူ၏အမူအရာက ပြောင်းလဲသွားခဲ့၏။

"ယီယွမ်… အဲဒါက ဓားဝင်္ကပါလား… အဲဒီဟာတွေက တစ်ယောက်ချင်းစီ အစွမ်းအများကြီး တိုးတက်လာတယ်လို့ ငါကဘာလို့ ရုတ်တရက် ခံစားနေခဲ့ရတာလဲ… ဒါပေမဲ့ သူတို့ရဲ့အော်ရာတွေကို ကြည့်ရတာ နှောင်းပိုင်းအဆင့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်အဆင့်တွေ မဟုတ်ဘူးလား….." ထျန်းယွီက ဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့် မေးလိုက်သည်။

ယီယွမ်၏ အမူအရာက ရှားပါးသောအမူအရာတစ်ခု ဖြစ်သည့် မှုန်သုန်နေသော အမူအရာတစ်ခု ပေါ်ပေါက်နေခဲ့ပြီး လေးလေးနက်နက် ပြောဆိုခဲ့၏။ "အဆင့်(3) ဓားဝင်္ကပါ… တော်လှန်ရေးကိုးခု  လျော့နည်းခြင်း  ချိတ်ဆက်ဝင်္ကပါ….."

ထျန်းယွီက ယီယွမ်၏ မျက်နှာအမူအရာကို သတိမထားမိဘဲ အဆင့်(3) ဝင်္ကပါဟုသာ ကြားလိုက်ရသည်။ သူက စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြောလိုက်၏။ "ဒါဆိုရင်တော့ အဲဒါက အဆင့်(3) ဝင်္ကပါတစ်ခုပဲ… အဲဒါဆို ကောင်းတယ်… အဲဒါဆိုကောင်းပါတယ်….."

"ငါ့ဘောကို ကောင်းပါ့လား….." ယီယွမ်က ဆဲရေးလိုက်ချင်စိတ်ကို ထိန်းမရခဲ့ပေ။ သူကပြောခဲ့သည်။ "အဲဒီဓား၁၈လက် ရုပ်သေးတွေက နှောင်းပိုင်းအဆင့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် ခွန်အားပဲရှိပေမဲ့ ဓားဝင်္ကပါရဲ့ အားဖြည့်ပေးမှုအောက်မှာ သူတို့ရဲ့ တိုက်ခိုက်မှုအင်အားက အကြီးအကဲမိန် အင်အားပြည့် တိုက်ခိုက်တာအောက် မနိမ့်ကျဘူး….."

"မင်းဘာပြောလိုက်တာလဲ… မင်းဆိုလိုတာက အဲဒီ ဓား၁၈လက်ရုပ်သေးတွေရဲ့ ခွန်အားက အဆင့်(3) ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်နဲ့ နှိုင်းယှဉ်နိုင်တာလား… ဒါက… ဒါကဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….." ထျန်းယွီက မယုံကြည်နိုင်သည့် အကြည့်ဖြင့် ကြည့်နေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now