Chapter 301

1.4K 178 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၄ )

Chapter-10

“ဘယ်လို… မင်းကတစ်ယောက်တည်း ပြန်သွားချင်လို့လား… မဖြစ်နိုင်ဘူး… လုံးဝမဖြစ်နိုင်ဘူး…..” မိန်ကျန်းက ချက်ချင်းပင် ငြင်းပယ်လိုက်သည်။

တစ်ဖက်အဖွဲ့က ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ထူးချွန်သူနှစ်ယောက် ရှိပေ၏။ ယီယွမ်က တစ်ယောက်တည်း ပြန်လှည့်သွားခြင်းက သေဆုံးခြင်းမှလွဲ၍ အခြားမဖြစ်နိုင်ပေ။

အကယ်၍ ယီယွမ်က ပို၍ မွန်းစတားဆန်နေခဲ့လျှင်ပင် ယခုအချိန်၌ ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ထူးချွန်သူတစ်ယောက်၏ ပြိုင်ဖက်မဖြစ်နိုင်သေးပေ။

ယီယွမ်၏ အပြုအမူများက လူတိုင်းကို အလွန်အံ့အားသင့်သွားစေခဲ့သည်။ အစမှအခုအချိန်အထိ ယီယွမ်က အမြဲတမ်း အတည်ငြိမ်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေ၏။

သို့သော် ယခု ယီယွမ်က တစ်ယောက်တည်း ပြန်သွားချင်နေခဲ့သည်။

မိုယုထန်ကလည်း ထခုန်လုမတတ် ထိတ်လန့်သွားခဲ့၏။ သူကလည်း ချက်ချင်းပင် တားဆီးလိုက်သည်။ “အကြီးအကဲမိန် ပြောတာမှန်တယ်… ငါတို့က အရှက်ရတယ်ဆိုတာကိုသိရင် အဲဒါကို လှုံ့ဆော်မှုတစ်ခုအဖြစ် သဘောထားပြီး ပိုပြီးတော့ ကြိုးကြိုးစားစား လေ့ကျင့်ရမယ်… ယီယွမ် ခဏတာဒေါသကို မထိန်းချုပ်ဘဲ မတိုက်ခိုက်ပါနဲ့… မင်းရဲ့အရည်အချင်းနဲ့ဆိုရင် အနာဂတ်မှာ သူတို့ကို ရိုက်နှက်ဖို့ဆိုတာ အင်အားစိုက်ထုတ်စရာတောင် မလိုအပ်ပါဘူး…..”

သို့သော် ယီယွမ်က ရယ်မော၍ ပြောဆိုခဲ့၏။ “အကြီးအကဲမိန်နဲ့ စီနီယာအစ်ကိုမိုက အစိုးရိမ်လွန်နေတာပဲ… ကျွန်တော်က အခြားတစ်ခုကို လုပ်စရာရှိနေလို့ပါ… ကျွန်တော်က လက်စားချေတုံ့ပြန်ဖို့ ပြန်သွားတာမဟုတ်ပါဘူး… အားလုံးပဲ စိတ်မပူကြပါနဲ့… အရင်ဆုံး သွားနှင့်ကြပါနော်… ကျွန်တော်က နောက်ကနေ မီအောင်လိုက်လာခဲ့မယ်…..”

ထိုစကားကိုကြားသော် မိန်ကျန်းက မှင်တက်သွားခဲ့သည်။ “ကြည်လင်ပြတ်သားခြင်းအဖွဲ့ကို ရှာဖွေဖို့အတွက် မင်းကတကယ်ပဲ ပြန်သွားမှာ မဟုတ်ပါဘူးနော်…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now