Chapter 349

1.5K 171 4
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၈ )

Unicode

Chapter-2

"အဖိုးဝေ့က ဒီနေရာကို နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ စောင့်ကြပ်နေခဲ့တယ်လေ… ဒီအထီးကျန်မှုက အတိတ်တုန်းကဖြစ်ခဲ့တဲ့ တိုက်ပွဲထဲမှာ သေဆုံးသွားကြသူတွေနဲ့ ယှဉ်နိုင်နေပါပြီ….." ယီယွမ်က သူ့ကိုနှစ်သိမ့်ပြောဆိုလိုက်သည်။

ဝေ့ရှောင်းက မဟာယန်နယ်မြေအတွင်းသို့ ဝင်ရောက်ပုန်းအောင်းပြီး ပြင်းထန်ရက်စက်သော တိုက်ပွဲကို ရှောင်တိမ်းမည်မဟုတ်ပေ။ သူ့တွင် သေချာပေါက် လုပ်ဆောင်စရာ တာဝန်တစ်ခု ရှိနေပေလိမ့်မည်။

ဝေ့ရှောင်းက သက်ပြင်းကို နောက်တစ်ကြိမ်ချ၍ ပြောလိုက်၏။ "ပြင်းထန်သောလက်ဟန်၆ခု မဟာဝင်္ကပါက ပျက်စီးသွားခဲ့ပြီဆိုတော့ အဆုံးမဲ့ကမ္ဘာကြီးက သေချာပေါက် ပြင်းထန်ရက်စက်တဲ့ တိုက်ပွဲထဲကို ပြန်လည်
ကျရောက်သွားတော့မှာပဲ… ဒါပေမဲ့ ဒီတစ်ကြိမ်မှာ အသက်တွေကို စတေးမယ်ဆိုရင်တောင် ပြင်းထန်သောလက်ဟန်၆ခု မဟာဝင်္ကပါကို ဘယ်သူက ခင်းကျင်းနိုင်တော့မှာလဲ… ထားလိုက်တော့… ထားလိုက်တော့… ဒီဟာက သေဆုံးသွားပြီးတဲ့ လူတစ်ယောက်ရဲ့ ကိစ္စမဟုတ်တော့ဘူး… ဒီကိစ္စကို စိုးရိမ်ဖို့ကတော့ မင်းတို့လူငယ်တွေရဲ့ တာဝန်ပဲ….."

သူ၏အကြည့်က ယီယွမ်ဆီသို့ရောက်လာခဲ့ပြီး ဆက်လက်ပြောဆိုခဲ့သည်။ "မင်းက ဒုတိယအလွှာရဲ့ ဝင်္ကပါကို မြင်တွေ့ခဲ့ပြီးတော့ မဟာယန်နယ်မြေရဲ့ ဝင်ပေါက်ကို တွေ့ရှိခဲ့တယ်… ဒီဖြစ်ရပ်က မင်းအတွက် ကံကြမ္မာဖန်လာတယ်ဆိုတာ သက်သေပြနေတာပဲ… ငါတို့ မဟာယန်အစစ်အမှန်အဖွဲ့ အမွေအနှစ်တွေက မင်းကိုအမှီပြုပြီး ဆက်လက်ရှင်သန်ဖို့ လိုအပ်နေသေးတယ်….."

ဝေ့ရှောင်း၏စကားကို ကြားသည်နှင့် ယီယွမ်၏ မျက်နှာအမူအရာက မသိလိုက်မသိဘာသာဖြင့် ထူးဆန်းသွားခဲ့၏။

အတိတ်တွင် လူလင်ဖုန်း၏ ဝင်္ကပါလမ်းကိုးခုစာလုံးများကို ရရှိလိုခဲ့သော်လည်း ရရှိခဲ့ခြင်းမရှိပေ။ လောကကြီး၏ လောကဓံတရားက ပြောင်းလဲနေမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။ သူကအမှန်တကယ်ပင် လူလင်ဖုန်း၏ ဆက်ခံသူတစ်ယောက် ဖြစ်လာပြီး ယခုအချိန်တွင် သူ၏တပည့် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now