Chapter 245

1.5K 182 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၀ )

Chapter-9

တာဝန်ကျနေသောတပည့်က ယီယွမ်၏ တံဆိပ်ပြားကို ကြည့်လိုက်ပြီးနောက် လှောင်ပြောင်
ပြောဆိုလိုက်သည်။ “ဟားဟား… မင်းကအဖွဲ့ကို ဝင်ရောက်လာတာ ရက်အနည်းငယ်ပဲ ကြာသေးတယ်ဆိုတော့ ဘယ်လောက်များ…..”

တပည့်၏ စကားနောက်တစ်ဝက်မှာ သူ၏လည်ချောင်းအတွင်း၌ ပျောက်ကွယ်သွားခဲ့၏။

အမှတ်ပေါင်း ၁.၁၃ သန်းနှင့် ၁၀၀ မှတ်…..

သူကမှားယွင်း မြင်မိခြင်းမဟုတ်ကြောင်း သေချာစေရန် သူကအကြိမ်များစွာ ပြန်လည်ကြည့်ရှုနေခဲ့သည်။

“ဘယ်… ဘယ်လိုလုပ်ပြီး… ဒီ… ဒီလောက်အများကြီး ရှိနိုင်မှာလဲ…..” တာဝန်ကျနေသောတပည့်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ကာ သူ၏စကားများကလည်း ထစ်ငေါ့နေခဲ့၏။

“ကျွန်တော် အခုဝင်သွားလို့ရပြီလား… အင်း… နှစ်ရက်ဆိုရင် အလုပ်ဖြစ်ပါတယ်… ကျွန်တော်က စီနီယာအစ်ကို့ကို ဒုက္ခပေးရဦးမယ်…..” ဤအမှတ်များကို မည်သည့်နေရာမှ ရရှိလာကြောင်း ယီယွမ်က ရှင်းပြလိုစိတ် မရှိခဲ့ပေ။

တာဝန်ကျနေသောတပည့်က ယီယွမ်၏ အမှတ် ၆ ရာကို ကူညီ၍ ဖြတ်တောက်ယူငင်လိုက်ပြီး ယီယွမ်က အထဲသို့ ဝင်ရောက်သွားသည်ကို တောင့်တောင့်ကြီး ရပ်ကြည့်နေခဲ့သည်။

သူကအဖွဲ့သို့ ဝင်ရောက်လာချိန်မှစ၍ ထိုမျှများပြားသော အမှတ်များကို တစ်ခါမှ မြင်ဖူးခဲ့ခြင်းမရှိပေ။ ဤသို့သော မျက်မြင်ကြုံတွေ့ရခြင်းက အမှန်တကယ်ပင် ထူးကဲလွန်းလှပေ၏။

အမှတ်ပေါင်း ၁.၁ သန်း…..

ထိုမျှများပြားသော အမှတ်များနှင့် လဲလှယ်ရန်အတွက် အဆင့်(2)ဆေးလုံးများ မည်မျှအထိ ဖော်စပ်ရန် လိုအပ်မည်နည်း။

တာဝန်ကျနေသော တပည့်က စိတ်ထဲတွင် တွက်ချက်ကြည့်လိုစိတ်ကို ထိန်းထား၍ မရခဲ့ပေ။

ယီယွမ်က အဆင့်(3) ဆေးလုံးဖော်စပ်ခြင်းအခန်းတစ်ခု လိုအပ်ခြင်းမှာ အဆင့်(3)ဆေးလုံးများကို ဖော်စပ်ရန်သာ ဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now