Chapter 281

1.5K 177 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်  ( ၂၃ )

Chapter-4

“ဒီနှစ်ယောက်က စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေကြတာ
အချိန် ၂နာရီကျော်သွားပြီလေ… အခုအသာစီးရနေတာက ဘယ်သူများလဲ…..”

“ငါလည်းခန့်မှန်းကြည့်လို့ မရဘူး… အစကတည်းက ယီယွမ့်ဆီမှာ ဒီလို အသက်မဲ့နေတဲ့ ပုံစံမျိုး ရှိနေခဲ့ပြီး စီနီယာအစ်မထန်ယုအာရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေတယ်လို့ ထင်ရတယ်… ဒါပေမဲ့ အခုအချိန်ထိ အနိုင်ရသူကို ဆုံးဖြတ်လို့ မရသေးဘူး… စီနီယာအစ်မ ယုအာရဲ့ မျက်နှာအမူအရာက တော်တော်လေး ပြောင်းလဲနေခဲ့တယ်ဆိုတော့ သူမက အကြီးအကျယ် ခွန်အားစိုက်ထုတ်နေရတယ်လို ယူဆရတယ်… ဘယ်လိုမျိုးဖြစ်နေတာလဲဆိုတာ ငါတကယ်ပဲ ခန့်မှန်းနိုင်ခြင်း မရှိဘူး…..”

“ဒီလိုမျိုး ပြိုင်ပွဲတစ်ခုက တော်တော်လေး ပျင်းစရာကောင်းတယ်… သူတို့ဘယ်လို ယှဉ်ပြိုင်နေကြတယ်ဆိုတာ ငါတို့မမြင်နိုင်ဘူးလေ… သူတို့နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြတာ အချိန်၂နာရီကျော်သွားပြီလေ….”

“ပုံရိပ်ယောင်လောကမှာ ယှဉ်ပြိုင်တာက တစ်ခါတစ်ရံမှာ သိုင်းပညာရှင်တွေ တိုက်ခိုက်ကြတာထက် ပိုပြီး အန္တရာယ်များတယ်လေ… မင်းရဲ့မဖြစ်စလောက် ခွန်အားလေးနဲ့ စီနီယာအစ်မယုအာရဲ့ ပုံရိပ်ယောင်လောကထဲ ကျရောက်သွားတာနဲ့ အကြည့်တစ်ချက်နဲ့တင် မင်းက အရူးဖြစ်သွားလိမ့်မယ်…..”

ပြောရမည်ဆိုပါက လူတိုင်း မူလက အလွန်တက်ကြွစွာဖြင့် စောင့်ဆိုင်းကြည့်ရှုနေခဲ့ကြသော တိုက်ပွဲက လက်ရှိအချိန်၌ အလွန်ပျင်းရိစရာ ကောင်းနေခဲ့ပေသည်။

သူတို့နှစ်ယောက်က တိုက်ပွဲစချိန်မှ လက်ရှိအချိန်အထိ တိုက်ကွက်တစ်ခုသာ တိုက်ခိုက်ခဲ့ကြပြီး သူတို့က တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည့် အခြေအနေသို့ ရောက်ရှိနေခဲ့ကြ၏။

သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုသည်သာတိုလျှင် ကိစ္စမရှိသေးပေ။ အကယ်၍ ယီယွမ်ကသာ ထန်ယုအာ၏ အနိုင်ယူခြင်း ခံခဲ့ရလျှင် သူက ဆိုးဝါးသော အပြုအမူများအားလုံးကို လုပ်ဆောင်ပေလိမ့်မည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now