Chapter 283

1.5K 181 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်  ( ၂၃ )

Chapter-6

ပြိုင်ပွဲက မစတင်ရသေးသော်လည်း စင်မြင့်ကို ကျောင်းသားများက ဝန်းရံထားကြသည်မှာ ကြိတ်ကြိတ်တိုး စည်ကားနေခဲ့ပြီး ရေပက်မဝင်အောင်ပင် ဖြစ်နေခဲ့၏။

စင်မြင့်ပေါ်တွင် ထျန်းယွီက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ဆောင်နေခဲ့ပြီး တင်ပလ္လင်ချိတ်ထိုင်နေခဲ့ကာ သူ၏ပေါင်ပေါ်တွင် ဓားရှည်တစ်လက်ကို အလျားလိုက်တင်ထားခဲ့သည်။

“ဟာ… စီနီယာအစ်ကို ထျန်းယွီက တိုက်ပွဲတစ်ပွဲကို ဒီလောက်အထိ အလေးအနက်ထားတာကို ငါကပထမဦးဆုံး မြင်ဖူးတာပဲ… သူကဒီလိုအခြေအနေမျိုး ရောက်နေခဲ့တာ တစ်နာရီရှိသွားပြီလေ…..”

“အဲဒါက အံ့အားသင့်စရာ လုံးဝမရှိဘူး… ယီယွမ်ရဲ့ ဓားစိတ်ဆန္ဒက အလွန့်အလွန် အစွမ်းထက်တယ်… အဲဒါက စီနီယာအစ်ကို ထျန်းယွီကို အပြည့်အဝ အနိုင်ယူသွားနိုင်တယ်လေ… စီနီယာအစ်ကို ထျန်းယွီက ဒီလိုမျိုး အလေးအနက်မထားဖို့ ဆိုတာက မဖြစ်နိုင်ဘူး…..”

“စီနီယာအစ်ကို ထျန်းယွီရဲ့ ဓားစိတ်ဆန္ဒက ငါတို့ခန့်မှန်းနိုင်တာထက် ပိုနေခဲ့ပြီ… ငါကသူ့ကို ငါ့ရဲ့ရည်မှန်းချက်အဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့တယ်… ဒီအချိန်မှာ ယီယွမ်က ဒီတစ်ကြိမ်မှာ ပေါ်ထွက်လာမယ်လို့ ငါလုံးဝထင်မထားခဲ့ဘူး… သူ့ရဲ့ဓားစိတ်ဆန္ဒကို မြင်ပြီးသွားတဲ့အခါ ဒီဘဝမှာ ငါ့အတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားလိုက်ရတယ်…...

“..... အဲတာက တကယ်ပဲ မှန်လွန်းတယ်… ယီယွမ်ရဲ့ ဓားစိတ်ဆန္ဒ စွမ်းအားက လူတွေကို စိတ်အားငယ်သွားစေနိုင်တယ်…..”

“စီနီယာအစ်ကို ထျန်းယွီက ယီယွမ်ရဲ့ ဓားစိတ်ဆန္ဒကို ရင်ဆိုင်ဖို့ ဘယ်လိုအစီအစဉ်တွေ ပြင်ဆင်ထားလဲဆိုတာ ငါတကယ်ကို မသိတော့ဘူး… တကယ်တော့ စီနီယာအစ်ကို ထျန်းယွီက အနိုင်ရသွားဖို့ ငါမျှော်လင့်နေတယ်… ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့လို အတွင်းစည်းတပည့် အားလုံးရဲ့ ခေါင်းဆောင်ပဲလေ…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now