Chapter 306

1.5K 186 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဥ်(25)

Chapter-1

ငြိမ်သက်တိမ်တိုက်အဖွဲ့မှ လူများက အမှန်တရားကို သိကြသော်လည်း အခြားအဖွဲ့များ၏ အဖွဲ့ဝင်များက အမှန်တရားကို မသိရှိကြပေ။

ဝမ်ဖန်က ထိုသို့ပြောလိုက်သည်ကို ကြားသော် လူအများအပြားက စိတ်ပူသွားသည့် အမူအရာများ ပေါ်‌ပေါက်လာခဲ့၏။

ခိုးယူခြင်းပညာရပ်များကို အလွန့်အလွန် အဆင့်မြင့်သော အ‌ခြေအနေအထိ ကျင့်ကြံနိုင်ခဲ့ပါက အလွန်ကြောက်စရာ ကောင်းလှပေသည်။ အခြားသူများ၏ ပစ္စည်းများကို ခိုးယူရန်အတွက် ကျင့်စဉ်နယ်ပယ်များ ကျော်တက်ရခြင်းမှာ စိန်ခေါ်မှု ကြီးမားခြင်းမရှိသေးပေ။

"မင်း….. ဒါက အသရေဖျက်ပြီး လုပ်ကြံပြောဆိုနေတာပဲ….." မိန်ကျန်းက တစ်ကိုယ်လုံး တုန်ယင်နေသည်အထိ ဒေါသထွက်သွားခဲ့၏။

ဝမ်ဖန်က ထိုသို့ လုပ်ကြံပြောဆိုခြင်းကြောင့် ငြိမ်သက်တိမ်တိုက်အဖွဲ့က လူအများ၏ အာရုံစူးစိုက်မှုကိုခံရ‌သော ပစ်မှတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။ ဤခရီးအတွက် ဆူးခလုတ်များက ကြောက်စရာကောင်းလောက်အောင်ပင် တိုးမြင့်လာတော့မည်
ဖြစ်သည်။

"အသရေဖျက်တယ်ဟုတ်လား… ဒါဆိုရင် ငါ့ကိုရှင်းပြစမ်းပါဦး… မင်းတို့ရဲ့ ဒီစိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် တပည့်လေးက ဒီအချိန်မတိုင်ခင်အထိ ဘယ်‌သွားနေတာလဲ… စောစောလေးက ငါတို့အဖွဲ့နှစ်ဖွဲ့ ဆုံတွေ့တဲ့အချိန်မှာ သူကမင်းတို့အဖွဲ့မှာ ရှိနေသေးတယ်လေ… ဒါပေမဲ့ ငါတို့က ဒီနေရာကို ရောက်လာတဲ့အချိန်မှာ သူ့ကို တစ်ချိန်လုံး မတွေ့ခဲ့ရဘူးလေ….." ဝမ်ဖန်က အေးစက်စွာ နှာခေါင်းရှုံ့၍ မေးမြန်းလိုက်၏။

"သူက… သူကကိစ္စအချို့ကို သွားရောက်လုပ်ဆောင်တာလေ….."မိန်ကျန်းက မျက်နှာပျက်သွားခဲ့သော်လည်း ထိုအရာကို ခုခံကာကွယ်ပြောဆိုရန် ကြိုးစားခဲ့သည်။

"ကိစ္စလေးအချို့ သွားလုပ်တာလား… ဘာကိစ္စသွားလုပ်တာတုန်း… ပစ္စည်းတွေ ခိုးယူတာလား….." ဝမ်ဖန်က ဆက်လက်၍ တိုက်ခိုက်ပြောဆိုလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now