Chapter 359

1.2K 153 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်  ( ၂၈ )

Chapter-12

လက်ရှိအချိန်တွင် သူတို့၏အမြန်နှုန်းက ယခင်ကနှင့် နှိုင်းစာသော် အလွန်အမင်း ကျဆင်းသွားခဲ့သည်။

သူတို့၏ခန္ဓာကိုယ်မှ ထမ်းပိုးထားရသော ဝန်ထုပ်ဝန်ပိုးက အကန့်အသတ်အထိ ရောက်ရှိနေခဲ့ပြီဖြစ်၏။ ယခု သူတို့ထဲတွင် မည်သူ၏စိတ်စွမ်းအင်က ပို၍ခိုင်မာသည်ကို တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က အရှိန်လျှော့လိုက်သည်နှင့် အခြားတစ်ဖက်က အနိုင်ယူသွားမည်သာ ဖြစ်၏။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ယီယွမ်၏ခက်ခဲမှုက အနည်းငယ်ပိုကြီးနေခဲ့သည်။

ဤတစ်ကြိမ်မတိုင်မီ သုံးရက်လုံး နေ့မနားညမနား ပြေးနေခဲ့သည်ကို ထည့်တွက်လိုက်လျှင် သူက ခြောက်ရက်လုံး နေ့မနားညမနား ပြေးလွှားနေခဲ့ရပေ၏။

လျင်မြန်ခြင်းဆေးလုံး ၂၀ကို သောက်သုံးလိုက်ခြင်းက သူ၏ခန္ဓာကိုယ်ကို အကန့်အသတ်အထိ ရောက်ရှိသွားစေသည့်အပြင် ဆေးလုံးများ၏ အစွမ်းသက်ရောက်မှုကို အကြီးအကျယ် လျော့ကျသွားစေခဲ့သည်။

သို့သော် မည်သည့်ကိစ္စပင် ဖြစ်နေစေကာမူ သူက စိတ်အေးအေးဖြင့် လက်လျှော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပေးဆပ်ရမည့်တန်ဖိုးက သေခြင်းတရားပင် ဖြစ်၏။

"ကောင်လေး… မင်းကတကယ်ပဲ အသက်ထပ်ပြီး မရှင်ချင်တော့ဘူးလား… ပဉ္စမမုန်တိုင်းနယ်မြေကို ဦးတည်သွားရောက်တယ် ဆိုရင် မင်းရဲ့ခွန်အားနဲ့ သွားရောက်တာက သေချာပေါက် သေဆုံးသွားမှာပဲ….." လန်ပေက နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။

"ရူးရူးမိုက်မိုက်တွေ တော်လိုက်တော့… မင်းမှာအစွမ်းရှိတယ်ဆိုရင် နောက်ကနေ လိုက်လာခဲ့လေ… တကယ်လို့မင်းမှာ အစွမ်းရှိတယ်ဆိုရင် ဒီသခင်လေးအတွက် မင်းပါးစပ်ကို

ပိတ်ထားလိုက်… ငါက မရပ်တန့်နိုင်ဘူး….." ယီယွမ်က အံကြိတ်၍ အော်ပြောခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now