Chapter 253

1.4K 178 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၁ )

Chapter-3

ကောင်းကင်မေပယ်၏ မျက်လုံးများက တောက်ပသည်ထက် ပိုမိုတောက်ပလာခဲ့၏။

အခြားအကြီးအကဲများနှင့် မတူသောအချက်မှာ သူက မှော်ဆေးပညာရှင်ဘုရင် တစ်ယောက်ဖြစ်ပြီး စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူတစ်ယောက်လည်း ဖြစ်ပေသည်။

သူ၏အတွေ့အကြုံများက အလွန်များပြားလှပေ၏။

အတိတ်က ဆေးလုံးဖော်မြူလာကို ပြည့်စုံစေရန် ဖြည့်စွက်ရာတွင် အသုံးပြုခဲ့သော ဆေးဖက်ဝင်ပစ္စည်းအားလုံးက အမှိုက်များသာဖြစ်ကြောင်း ကောင်းကင်မေပယ်က အမှန်တကယ်ပင် ခံစားနေခဲ့ရသည်။

သူကဆေးဖော်စပ်ခြင်းကို မစတင်ရသေးသော်လည်း ရေခဲနှလုံးသားနှင်းစက်ကို အသုံးပြုရခြင်းက အမှန်တကယ် အလုပ်ဖြစ်ကြောင်း ခံစားနေခဲ့ရပြီဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤဆေးဖော်မြူလာမှ အမှားတစ်ခုမှ ရှာမတွေ့ခဲ့သောကြောင့် ဖြစ်သည်။

အတိတ်က သူရှာတွေ့ခဲ့သော ထိုအရာများကို တွေ့ရှိခဲ့ချိန်တွင်း ယုံကြည်မှု ပြည့်ဝနေခဲ့သော်လည်း အနည်းငယ် မပြည့်မစုံဖြစ်နေသည်ကို အမြဲတမ်း ခံစားနေခဲ့ရ၏။

သို့သော် ဤတစ်ကြိမ်တွင်မူ ဤဆေးလုံးဖော်မြူလာက ပြည့်စုံသွားပြီဖြစ်ကြောင်း သူကသိရှိနေခဲ့ပေသည်။

လက်ရှိအချိန်တွင် ကောင်းကင်မေပယ်က သီချင်းဆို၍ ကပြချင်စိတ်ရှိလာသည်အထိ ဝမ်းသာနေခဲ့၏။ သူ၏ဦးနှောက်က ၁၂နှစ်ကျော် ဖိစီးနေခဲ့မှု၊ နှစ်ပေါင်း ၁၂နှစ်ကျော် ထပ်ကာထပ်ကာ ကျရှုံးခဲ့ရမှုများနှင့် နှစ်ပေါင်း ၁၂နှစ်ကျော် မျှော်လင့်ချက် ကင်းမဲ့နေမှုများက ယခုအချိန်တွင် သူ၏စိတ်ထဲမှ လွင့်စင်ပပျောက် သွားခဲ့ပြီဖြစ်သည်။

မဟာအကြီးအကဲဟူသော ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်နှင့် ယီယွမ်၏ ရှေ့မှောက်တွင် သူကစိတ်လွတ်ကိုယ်လွတ် မဖြစ်ချင်၍သာ မဟုတ်ခဲ့ပါက အခုချက်ချင်းပင် ကနေခဲ့မည်ဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now