Chapter 300

1.5K 182 5
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၄ )

Chapter-9

“မဖြစ်နိုင်ဘူး… ယီယွမ်… ဒီအဆိပ်ငွေ့တွေက မင်းကိုဘာလို့ ထိခိုက်မှုမရှိစေတာလဲ…..” မိုယုထန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

ယီယွမ်က ပြုံးဖြဲဖြဲလုပ်၍ ပြောဆိုခဲ့၏။ “ဒီအဆိပ်ငွေ့တွေ သက်ရောက်မှုမရှိစေတဲ့ မှော်ရတနာတစ်ခု ကျွန်တော့်ဆီမှာ ရှိနေခဲ့လို့ပါ…..”

မိုယုထန်၏ မျက်နှာတွင် နားလည်သွားဟန်ရသည့် အကြည့်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ “ဒါကြောင့်မို့ ဒီလိုဖြစ်နေတာကိုး…..”

ယီယွမ်က အဖြူရောင်မုသား တစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်၏။ သူ့ထံ၌ မှော်ရတနာ တစ်ခုတစ်လေမှ မရှိခဲ့ပေ။

သူပြောရမည်ဆိုပါက သူ၏မှော်ရတနာက သူ၏နတ်ဘုရားစိတ်ဝိညာဉ် ဖြစ်ပေသည်။

ယီယွမ်က သူ၏ယခင်ဘဝ၌ သူ၏ခန္ဓာကိုယ်ကို အသုံးပြု၍ အဆိပ်များကို စမ်းသပ်လေ့ရှိပြီး ထိုအဆိပ်ကို သူကိုယ်တိုင် ဆေးဖော်စပ်၍ ချေဖျက်လေ့ရှိ၏။ သူ၏ခန္ဓာကိုယ်ဖြစ်စေ နတ်ဘုရားစိတ်ဝိညာဉ်ဖြစ်စေ အဆိပ်ဖြေရာ၌ အလွန်အစွမ်းထက်ပြီး အဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိကြသည်။ ပြောရမည်ဆိုလျှင် သူက အဆိပ်ပေါင်းရာချီ၍ ခံနိုင်ရည်ရှိသော အဆင့်သို့ ရောက်နေခဲ့ပြီဖြစ်၏။

ယီယွမ်အတွက် ဤအဆိပ်ငွေ့က အဆင့်အလွန်နိမ့်လှပေသည်။ ထိုအဆိပ်ငွေ့က ပုံမှန်အားဖြင့် သူ့အား အန္တရာယ်မပေးနိုင်တော့ပေ။

အမှန်တကယ်တွင် ထိုအဆိပ်ငွေ့ကသာ အဆင့်(9) အဆိပ်ငွေ့ဖြစ်နေခဲ့ပါက အကယ်၍ သူ၏ယခင်ဘဝကဲ့သို့ အထွတ်အထိပ် အခြေအနေကို ရောက်ရှိနေခဲ့လျှင်ပင် သူက ထိုအဆိပ်ငွေ့ကို ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

အဆင့်(9) အဆိပ်ငွေ့တစ်မျိုး၏ ကြောက်စရာကောင်းပုံမှာ သာမန်လူများ နားလည်နိုင်သည့် အရာမျိုး မဟုတ်ပေ။

“ကောင်းပြီ… အားလုံးက ဆေးလံုံးတွေကို သောက်ပြီးကြပြီဆိုတော့ သွားကြရအောင်……” မိန်ကျန်းက ပြောလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now