Chapter 267

1.5K 184 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၂ )

Chapter-3

သိုင်းပညာလမ်းကြောင်းတွင် မိုးကောင်းကင်တာအိုကို စောစောနားလည်ထိတွေ့ခဲ့ရပြီး နားလည်မှု ပိုမိုမြင့်မားလာသည်နှင့် တစ်စုံတစ်ယောက်၏ အနာဂတ် အောင်မြင်မှုများက ပို၍ကြီးမားလာလေ့ရှိပေသည်။

မိုးကောင်းကင်၏အောက်တွင်
အသင်္ချေတမျှ များပြားလှသော ကျင့်ကြံခြင်းပညာရပ်အားလုံးက မိုးကောင်းကင်တာအိုကို နားလည်မှုအရာတွင် တိကျသောနေရာတစ်ခု ပါဝင်နေခဲ့၏။ 

မိုးပြာရောင်ငှက်ယန်ဓားသိုင်းက အလွန်အဆင့်မြင့်သော ဓားသိုင်းတစ်ခု ဖြစ်သည်။ အကယ်၍ သူကသာ ထိုဓားသိုင်းကို ချီစွမ်းအင်နယ်ပယ်၌ နားလည်အောင်မြင်ခဲ့ပါက ထျန်းယွီ၏ အနာဂတ်အောင်မြင်မှုများက ပို၍ပင် မြင့်မားသွားမည် ဖြစ်သည်။

ထျန်းယွီက ကောင်းကင်ဘုံကိုးခု လျှောက်လမ်းမှ ဓားစိတ်ဆန္ဒကို ခံစားခဲ့မိပြီးနောက် မကြာမီပင် သူ၏ကျင့်ကြံခြင်းက တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်မှာ အတိအကျပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူနားလည်ထားခဲ့သော မိုးကောင်းကင်တာအို အဆင့်အတန်းက သူ၏လက်ရှိ ကျင့်စဉ်နယ်ပယ်ထက် ပိုလျှံသွားခဲ့၍ ဖြစ်သည်။ ထိုအရာက သူ၏ကျင့်ကြံမှု အမြန်နှုန်းက သာမန်လူများထက် အကြီးအကျယ် သာလွန်နေစေခဲ့၏။

အမှန်တကယ်တွင် ဤသို့သော ကျင့်ကြံမှု အမြန်နှုန်းက အကန့်အသတ် မရှိပေ။ မိုးကောင်းကင်တာအိုကို နားလည်သဘောပေါက်မှုက အချိန်နှင့်အမျှ တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ သူ၏ကျင့်စဉ်နှင့် မိုးကောင်းကင်တာအိုကို နားလည်သဘောပေါက်မှုက တဖြည်းဖြည်း တူညီလာခဲ့ပြီး သူကျင့်ကြံခြင်း အမြန်နှုန်းကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

ဤအရာမှာ ထျန်းယွီက မည်မျှပင် မွန်းစတားဆန်နေပါစေ တိကျသော ရလဒ်တစ်ခု ဖြစ်ပေ၏။

ကျင့်စဉ်နယ်ပယ် မြင့်မားလာသည်နှင့် မိုးကောင်းကင်တာအိုကို နားလည်သဘောပေါက်ရန် ပို၍ခက်ခဲလာလေလေ ဖြစ်သည်။ နတ်ဘုရားနိုင်ငံတော်၏ အထွတ်အထိပ် ဂျီးနီးယပ်များပင် လူသားတို့ မလုပ်ဆောင်နိုင်သော အချိန်ကို လက်ခံရပေရာ အဆင့်နိမ့်နိုင်ငံများကို စကားထဲ ထည့်ပြောစရာ မလိုပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now