Chapter 277

1.6K 171 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ် ( ၂၂ )

Chapter-14

“အယူအဆအတုပြုလုပ်ခြင်း ဟုတ်လား… အဲဒါက ဘယ်လိုဟာမျိုးလဲ…..” လော်ချန်ဖုန်းက သိချင်စိတ်ကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။

“ကျွန်တော့်ရဲ့ သိုင်းကွက်တွေက ကြည့်လိုက်ရင် စီနီယာရဲ့ သိုင်းကွက်တွေနဲ့ ထပ်တူထပ်မျှ တူညီတယ်… ဒါပေမဲ့ အဓိကပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလို ကွာခြားပါတယ်… ကျွန်တော့်ရဲ့ အဲဒီသိုင်းကွက်တွေက ဓားစိတ်ဆန္ဒကို အသုံးပြုပြီး အတုအပ ပြုလုပ်ထားခဲ့တာပါ… အဲဒီနှစ်မျိုးက တူညီတယ်ထင်ရပေမဲ့ တကယ်ကတော့ ကွဲပြားခြားနားကြပါတယ်…..” ယီယွမ်က ပြောဆိုလိုက်၏။

“ဒါက… အယူအဆတွေကို ဒီလိုမျိုး အသုံးချလို့ရတာလား…..”

လော်ချန်ဖုန်းက တစ်စုံတစ်ရာ မှားယွင်းနေသည်ကို မူလကတည်းက ခံစားနေရသော်လည်း ထိုအရာကို တစ်ချိန်လုံး စဉ်းစားမရခဲ့ပေ။ ယခု ယီယွမ်က ထိုအကြောင်းကို ပြောနေခဲ့၏။ သူ၏ပြိုင်ဖက်က ဓားစိတ်ဆန္ဒကို အသုံးပြု၍ သူ့အား တစ်ချိန်လုံး တိုက်ခိုက်နေခဲ့ပေသည်။

သို့သော် ထိုအရာက ဓားစိတ်ဆန္ဒ ဖြစ်နေလျှင်ပင် ထပ်တူတပ်မျှ တူညီနေခဲ့သည် မဟုတ်ပေလော။

လော်ချန်ဖုန်းက သူ၏ခေါင်းကို ပေါက်ကွဲမတတ် စဉ်းစားသော်လည်း ဓားစိတ်ဆန္ဒက လက်ရေးပန်းချီ စိတ်ဆန္ဒကို မူလအစစ်အမှန်နှင့် ခွဲခြား၍ မရနိုင်အောင်အထိ ကျွမ်းကျင်စွာ အတုအပ ပြုလုပ်နိုင်မည်ဟု သူလုံးဝ စဉ်းစားမရခဲ့ပေ။

စင်မြင့်အောက်မှ ပရိသတ်များမှာ ယီယွမ်အသုံးပြုခဲ့သည်က ဓားစိတ်ဆန္ဒဖြစ်ကြောင်းကိုပင် သိမည်မဟုတ်ကြောင်း လော်ချန်ဖုန်းက ယုံကြည်ပေ၏။ လက်ရေးပန်းချီတာအိုတွင် နှစ်ပေါင်းများစွာကြာအောင် မြှပ်နှံထားခဲ့သည့် သူကိုယ်တိုင်ကသာ ကွာခြားမှုအနည်းငယ်ကို ခံစားသိရှိခဲ့ခြင်း ဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now