Chapter 348

1.4K 162 1
                                    

Unicode

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(28)

Chapter-1

အဖိုးအို၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ယီယွမ်၏ အော်ရာများက အလျင်အမြန်ပင် ပြန်လည်
ကောင်းမွန်လာခဲ့သည်။

တစ်နာရီကြာပြီးနောက် ယီယွမ်၏ ဒဏ်ရာများက အခြေခံအားဖြင့် ပြန်လည်ထိန်းချုပ်နိုင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့၏။

ယီယွမ်၏အမူအရာက ဖြူဖျော့နေရာမှ သွေးရောင်လွှမ်းလာသည်ကို မြင်သော် အဖိုးအို၏ မျက်လုံးများက ယီယွမ်ဆီ၌ စူးစူးနစ်နစ် ရောက်ရှိနေခဲ့သည်။

သူက နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သည်အထိ အသက်ရှင်သန်နေခဲ့ရာတွင် ဤသို့ ကောင်းကင်ဘုံကို ဆန့်ကျင်သော ဆေးလုံးတစ်လုံးကို မြင်တွေ့ခဲ့ရဖူးခြင်း မရှိသေးပေ။

ယီယွမ်က မျက်လုံးပွင့်လာခဲ့ပြီး အဖိုးအို၏ မျက်နှာအမူအရာကို မြင်သော် ကူရာကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။ "စီနီယာ… ဘာများမှားယွင်းနေလို့လဲ….."

"အာ… အိုး… စောစောလေးက ဘယ်လိုဆေးလုံးမျိုးကို သောက်လိုက်တာလဲ… ဒီလိုမျိုး အံ့ဩစရာကောင်းတဲ့ အကျိုးသက်ရောက်မှုမျိုး ရှိနေတယ်… မင်းရဲ့ဒဏ်ရာတွေက အလွန်ပြင်းထန်တယ်… မင်းက အတွင်းဒဏ်ရာတွေကို ကုသဖို့ ဆေးလုံးသောက်ခဲ့တယ် ဆိုရင်လည်း တစ်လလောက် ငြိမ်ငြိမ်လေး အနားယူရင်တောင် ပြန်လည်ကောင်းမွန်လာဖို့ ခက်ခဲတယ်… ဒါပေမဲ့ မင်းက တစ်နာရီအတွင်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီ….." အဖိုးအိုက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

ယီယွမ်က ပြုံး၍ပြောခဲ့၏။ "အဲဒါကို အဇူရာနက်နဲခြင်း နှလုံးအားဖြည့်ဆေးလုံးလို့ ခေါ်ပါတယ်… အဲဒီဆေးလုံးက အတွင်းဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အကျိုးသက်ရောက်မှု အနည်းငယ်ရှိပါတယ်… ကျွန်တော့်ရဲ့ဆရာက ဆေးဖော်မြူလာကို ကျွန်တော့်ဆီ လွှဲပြောင်းပေးထားခဲ့တာပါ….."

"အဇူရာနက်နဲခြင်း နှလုံးအားဖြည့်ဆေးလုံး….." အဖိုးအိုက သူ၏ဦးနှောက်ကို အချိန်အတန်ကြာ အလုပ်ပေးလိုက်သော်လည်း အနည်းငယ်မျှ ဆင်တူသော အမည်ကိုပင် မကြားခဲ့ဖူးပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now