Chapter 370

1.3K 153 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၉ )

Chapter-9

(နက်နဲမှုလျော့နည်းခြင်း ဝင်္ကပါ)

ကျူးယွင်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက ရင်းနှီးနေသော မျက်နှာများကို တစ်ခုပြီးတစ်ခု မြင်တွေ့လိုက်ရ၏။

လီထန့်၊ လီဟုန်၊ လီမင်အစရှိသည့် သူများနှင့်အတူ ယီယွမ်လည်း ရှိနေခဲ့ပေသည်။

သူ၏အကြည့်က လီယန်၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားသောအခါ  အလိုအလျောက်ပင် နောက်တွန့်သွားခဲ့၏။

ဂျိချင်ဆိုတဲ့ အဲဒီငချွတ်ကလေးက တကယ်ပဲ လီယန်ကို ကုသပေးနိုင်ခဲ့တာကိုး…..

ထို့အတူ ယီယွမ်က ရည်ရွယ်ချက်ရှိရှိဖြင့် ရပ်နေခဲ့သည်လော ပုံမှန်အတိုင်းရပ်နေခဲ့သည်လော မသိရသေးသည့်တိုင် သူက ရှေ့ဆုံး၌ ရပ်နေခဲ့ပြီး

အခြားသူများနှင့် အနည်းငယ်ဝေးကွာသော နေရာတွင် ရောက်ရှိနေခဲ့သည်။

မူလတွင် ကျူးယွင်က စိတ်ဓာတ်ကျနေခဲ့၏။ သို့သော် ထိုအရာကိုမြင်ပြီးနောက် သူက တိတ်တဆိတ် ဝမ်းသာသွားခဲ့ပေသည်။

"သေချင်နေတာပဲ….."

ကျူးယွင်က ရုတ်တရက်ပင် စွမ်းအားပြည့်ထုတ်ဖော်ခဲ့ပြီး ယီယွမ်၏လည်ချောင်းကို ကုတ်ခြစ်လိုက်၏။ သူက ယီယွမ်ကို ဓားစာခံအဖြစ် အလိုရှိနေခဲ့ခြင်း ဖြစ်သည်။

သို့သော် သူက ယီယွမ်၏ရှေ့သို့ ရောက်လာသောအချိန်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ချက်ချင်းပင် ခံစားလိုက်ရ၏။ ယီယွမ်က သူ့ကို မမြင်ရသလိုမျိုး ဖြစ်နေခဲ့သည်။ သူကအမှန်တကယ်ပင် ရှောင်တိမ်းခြင်းလည်းမပြု ခုခံခြင်းလည်းမပြုခဲ့ပေ။

ကျူးယွင်၏မျက်လုံးများ ရှေ့တွင် မှုန်ဝါးဝါးဖြစ်သွားခဲ့၏။ သူက ယီယွမ်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ဖြတ်သန်းသွားခဲ့ပြီး ကူရာကယ်ရာမဲ့စွာဖြင့် အကြီးအကျယ် ထိတ်လန့်သွားပေသည်။

"အရှင်ဒုတိယခေါင်းဆောင်က အန္တရာယ်နဲ့ ကြုံတွေ့နေချိန်မှာတောင်  တကယ်ကိုပဲ ဒေါသကြီးနေတာကိုး… ကျုပ်ကိုဓားစာခံအဖြစ် ထားရှိဖို့အထိတောင် တွေးနိုင်သေးတာပဲ… ဒါပေမဲ့… ခင်ဗျားမှာ အဲဒီလို အခွင့်အရေး မရှိတော့ဘူး….." ယီယွမ်က သူ၏မူလနေရာတွင်သာ ရပ်နေခဲ့ပြီး ကျူးယွင်ကို အားပါးတရပြုံး၍ ကြည့်နေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now