Chapter 275

1.5K 173 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ် ( ၂၂ )

Chapter-12

သိုင်းပညာရှင်များအကြားတွင် လက်ရေးပန်းချီတာအိုကို သာမန်တာအိုတစ်ခုအဖြစ်သာ ယူဆကြပြီး အရေးမပါသော တာအိုတစ်ခုအဖြစ် သတ်မှတ်ကြကာ သာမန်ကမ္ဘာငယ်လေးမှ ပညာရှိများ လေ့ကျင့်ကြသော တာအိုတစ်ခုသာ ဖြစ်ပေသည်။

လက်ရေးပန်းချီတာအိုကို ကျင့်ကြံအားထုတ်ကြသော သိုင်းပညာရှင်များက အများအပြားရှိသော်လည်း ဥာဏ်အလင်းရရှိမှု လုံးဝပင်မရှိခဲ့ကြပေ။ အချိန်ကြာမြင့်လာပြီး နှစ်ပေါင်းများစွာ ကုန်ဆုံးလာခဲ့သည့်တိုင် ရရှိလာမှုကလည်း အသေးအဖွဲလေးသာ ဖြစ်၏။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့် လက်ရေးပန်းချီတာအိုကို ကျင့်ကြံသူများ ပို၍ ပို၍ လျော့နည်းလာခဲ့ကြသည်။

သို့သော် အမှန်တကယ်တွင်မူ တစ်စုံတစ်ယောက်က လက်ရေးပန်းချီတာအိုတွင် ဥာဏ်အလင်းပွင့်မှု ရရှိလာပါက သူတို့၏ ခွန်အားက သာမန်သိုင်းပညာရှင်များထက် အများကြီး ပိုမိုသန်မာသွားလေ့ရှိ၏။

နတ်ဘုရားနိုင်ငံတော်၏ မဟာဒီဗိုင်းဘုရင် ဆယ်ဦးတွင် ကောင်းကင်ဘုံစာအုပ်ဒီဗိုင်းဘုရင် တစ်ဦးပါရှိပေသည်။ အချက်အလက်များအရ ပြောရမည်ဆိုလျှင် သူ၏ခွန်အားက ဝိညာဉ်ဘရစ်စတယ် ဒီဗိုင်းဘုရင်၏ ခွန်အားအောက်သို့ နိမ့်ကျခြင်းမရှိပေ။

ထိုအရာကိုကြည့်၍ လက်ရေးပန်းချီတာအိုကို အကန့်အသတ်အထိ နားလည်
သဘောပေါက်သွားခဲ့ပါက ထိုလက်ရေးပန်းချီတာအို၏ စွမ်းအားက မည်မျှ ကြီးမားသည်ကို အထင်းသား တွေ့မြင်နိုင်ပေ၏။

သို့သော်လည်း လက်ရေးပန်းချီတာအို၏ ဝင်ပေါက်ကို လျှောက်လှမ်းနိုင်ရန်မှာ အလွန်ခက်ခဲလှသည်။ မဖြစ်နိုင်သလောက်ပင် ခက်ခဲလှပေ၏။ ထို့ပြင် ဤတာအို၏ ပုဂ္ဂိုလ်ကြီးများက လက်ချိုးရေတွက်၍ ရလောက်ရန်ပင် နည်းပါးလှသည်။ ကျင့်ကြံခြင်းပညာရပ်များမှ ချန်ထားရစ်ခဲ့သော ဥာဏ်အလင်း ကွန့်မြူးမှုက ကြောက်စရာ
ကောင်းလောက်အောင်ပင် ကောင်းမွန်လှပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now