Chapter 342

1.3K 148 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၇ )

Unicode

Chapter-9

"ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး အကြွင်းအကျန် လင်းချောင်က အရှင်တို့ကို အရိုအသေပေးပါတယ်….."

မုတ်ဆိတ်မွေးအထူကြီးနှင့် လူသန်ကြီးက အားရပါးရ ရယ်မောနေချိန်တွင် လူတစ်ယောက်က ရှေ့သို့တက်လာပြီး ဂါရဝပြုလိုက်၏။ ထိုသူက လင်းချောင်ဖြစ်ပေသည်။

လက်ရှိအချိန်တွင် လင်းချောင်က စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ် သိုင်းပညာရှင်တစ်ယောက် မဟုတ်တော့ပေ။ သူက ထိတ်လန့်တုန်လှုပ်စရာ ကောင်းလောက်အောင်ပင် ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက် ဖြစ်နေခဲ့ပေ၏။

ကြည့်ရသည်မှာ သူက ငြိမ်သက်တိမ်တိုက်အဖွဲ့နှင့် အတူတူ ခရီးသွားခဲ့ချိန်က သူ၏ခွန်အားကို တစ်လျှောက်လုံး ကွယ်ဝှက်ထားခဲ့ပုံ ရပေသည်။ အံ့ဩစရာ ကောင်းလောက်အောင်ပင်
ယီယွမ်ကိုယ်တိုင် ခန့်မှန်းနိုင်ခဲ့ခြင်း မရှိပေ။

ထိုမုတ်ဆိတ်မွေးအထူကြီးနှင့် လူသန်ကြီးက လင်းချောင်ကို တစ်ချက်ကြည့်၍ ကျယ်လောင်သော အသံဖြင့် ပြောဆိုလိုက်၏။ "ဒီအစွမ်းထက်လက်ဟန် ခြောက်ခုမဟာဝင်္ကပါကို ချိုးဖျက်ပေးလိုက်တာက မင်းလား….."

လင်းချောင်က ရိုသေလေးစားမှု အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်… ကျွန်တော်တို့ အကြွင်းအကျန်တွေက အဆုံးမဲ့ကမ္ဘာကြီးရဲ့ တောင်ပိုင်းကုန်းမြေမှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်အောင် နှိမ့်ချနေထိုင်ခဲ့ပြီး နောက်ဆုံးမှာ ဝင်္ကပါကို ဖျက်ဆီးနိုင်မဲ့ နည်းလမ်းနဲ့ လက်ဟန်တွေရဲ့ တည်နေရာကို သိရှိဖို့ နည်းလမ်းရှာတွေ့ခဲ့ပါပြီ… ဒီနေ့ ဝင်္ကပါကို ဖျက်ဆီးနိုင်တဲ့ ကံကြမ္မာက ကျွန်တော်တို့ ခရမ်းနုရောင်စံအိမ်အဖွဲ့ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်အောင် ဆန္ဒရှိနေခဲ့တဲ့ မျှော်လင့်ချက်တစ်ခုပါ….."

မုတ်ဆိတ်မွေးအထူကြီးနှင့် လူသန်ကြီးက ရယ်မော၍ ပြောခဲ့၏။ "ဟားဟားဟား… မင်းတို့ကောင်တွေက နှလုံးသားရှိတယ်လို့ သတ်မှတ်လို့ရတာပဲ… အတိတ်တုန်းက မင်းတို့အားလုံးကို အဆုံးမဲ့ကမ္ဘာကြီးဆီ ပို့လိုက်တာက ယခင်မျိုးဆက် လေအင်ပါယာရဲ့ အစီအစဉ်တစ်ခုပဲ… ဒီနေ့တော့ အဲဒီအစီအစဉ်ရဲ့ အသီးအပွင့်ကို ခံစားခဲ့ရပြီ… မင်းနာမည်က လင်းချောင် ဟုတ်လား… ကောင်းတယ်… ငါမင်းကို မှတ်ထားပေးမယ်… မင်းရဲ့ အကျိုးသယ်ပိုးမှုကို ငါက အထက်ဆီ တင်ပြပေးမယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now