Chapter 327

1.4K 166 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၆ )

Chapter-8

လျှပ်တစ်ပြက်အတွင်း လူခုနှစ်ယောက်က နယ်မြေလွတ်တစ်ခုတွင် ပေါ်ပေါက်လာခဲ့သည်။

"ဘာဖြစ်သွားတာလဲ… ယီယွမ်… အဲဒါက မင်းလား….." ထျန်းယွီက မြေပြင်ပေါ်သို့ ရောက်လာလာချင်း အော်ပြောလိုက်၏။

ဤအခိုက်အတန့်တွင် လူတိုင်း၏ အရှေ့၌ မှုန်ဝါးဝါးဖြစ်သွားခဲ့ပြီး ယီယွမ်၏ခန္ဓာကိုယ်က သူတို့၏ အရှေ့မှ နယ်မြေထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ထျန်းယွီက ယီယွမ်ကိုမြင်သော် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ပြောလိုက်၏။ "ယီယွမ်… အဲဒါက တကယ်ပဲ မင်းပေါ့….."

ယီယွမ်က ပြုံးဖြဲဖြဲလုပ်၍ ပြောခဲ့သည်။ "ကျွန်တော်က လွဲပြီးတော့ ဘယ်သူဖြစ်နိုင်မှာလဲ….."

မိန်ကျန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။ "ဒီဝင်္ကပါက ပုံမှန်မဟုတ်တဲ့အထိ ခက်ခဲနက်နဲတယ်… မင်းဘာသာ လွတ်မြောက်ဖို့ဆိုတာတောင် တော်တော် ခက်ခဲနေပြီလေ… မင်းက ဒီလိုမျိုး ဘယ်လိုလုပ်နိုင်ခဲ့တာလဲ….."

ကျောက်ယုရန်က ရှုပ်ထွေးသောမြူခိုးတောအုပ်မှ လူတိုင်းကို ခေါ်ထုတ်လာနိုင်ခဲ့သည်ကို ကြည့်၍ သူ၏ ဝင်္ကပါတာအို အဆင့်အတန်းက အလွန်မြင့်မားကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ကြောင်း မိန်ကျန်းက ကောင်းစွာသိရှိပေသည်။

အကယ်၍ ယီယွမ်၏ ဝင်္ကပါတာအို အဆင့်အတန်းက ကျောက်ယုရန်ထက် ပို၍မြင့်မားနေခဲ့လျှင်ပင် အဆင့်(4) မဟာဝင်္ကပါ၏ အသက်ဝင်နေသော တံခါးကို တွေ့ရှိခဲ့ခြင်းက အကန့်အသတ်တစ်ခု ရောက်ရှိနေခဲ့ပြီ မဟုတ်ပေလော။ 

သို့သော် ယီယွမ်၏ အမူအရာကိုကြည့်သော် သူ၏အကန့်အသတ်က မည်သည့်နေရာတွင် ဖြစ်ပေသနည်း။

"မဟာပညာရှင်ရဲ့ ဗဟုသုတက ကောင်းကင်ဘုံကို ရောက်ရှိတယ်… သူက ဝင်္ကပါတာအိုမှာ အလွန့်အလွန် အစွမ်းထက်တယ်… ကျွန်တော်က အကြွင်းမဲ့မီးလျှံအတားအဆီးရဲ့ နာမည်ကိုတောင် သိနေခဲ့ပြီဆိုမှတော့ ဝင်္ကပါကို ဖျက်ဆီးဖို့က ခက်ခဲနိုင်တော့ပါ့မလား….." ယီယွမ်က ပြောလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now