Chapter 271

1.5K 182 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၂ )

Chapter-8

စင်းချန်နှင့် ချူးဖန်းက လူအများ အာရုံစိုက်မှုခံရသည်ကို ကြည့်ရှုနေစရာမလိုအပ်ပေ။ မြေကမ္ဘာအုပ်စုတန်းလျားတွင် ကျန်းကျင့်က တစ်ချိန်လုံး ထိပ်ဆုံးနေရာတွင် ခိုင်မြဲစွာ တည်ရှိနေခဲ့သည်။

ကျန်းကျင့်သည် ယီယွမ်က အဖွဲ့သို့ ဝင်ရောက်လာသော နေ့တွင် ယီယွမ်အား မြေကမ္ဘာအုပ်စုတန်းလျားတွင် နေထိုင်ရန်အတွက် စီစဉ်ပေးခဲ့သော တပည့်ဖြစ်၏။

ယီယွမ်က စင်မြင့်ပေါ်တွင် ကျန်းကျင့်ကို မြင်လိုက်ရချိန်တွင် သူက အလိုအလျောက် အံ့အားသင့်သွားခဲ့သည်။ ကျန်းကျင့်ကလည်း ယီယွမ်ကို မြင်လိုက်သောအချိန်တွင် တူညီစွာဖြင့် မှင်တက်သွားခဲ့၏။

သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာဖြင့် ကြည့်နေခဲ့ကြသည်။

အချိန်အတော်ကြာပြီးမှ ကျန်းကျင့်က ယီယွမ်ကို ခါးသီးသော အပြုံးတစ်ခုဖြင့် ပြောဆိုခဲ့၏။ “လျှို့ဝှက်ဆန်းကြယ်တဲ့
နံပါတ်၅၂က တကယ်ပဲ မင်းဖြစ်နေမယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး…..”

“အင်း… စီနီယာအစ်ကိုက ဘာကိုဆိုလိုတာလဲ… ကျွန်တော်က ဘယ်တုန်းကများ လျှို့ဝှက်ဆန်းကြယ်တဲ့ နံပါတ်၅၂ ဖြစ်သွားခဲ့တာလဲ…..” ကျန်းကျင့်၏စကားများကို ကြားခဲ့ရပြီးနောက် ယီယွမ်က ဦးနှောက်ခြောက်သွားခဲ့သည်။

ကျန်းကျင့်က အံ့သြသွားခဲ့ပြီး ပြောဆိုလိုက်၏။ “ပြိုင်ပွဲအဆင့်နှစ်ခု ပြီးသွားတဲ့အချိန်မှာ မင်းက လူတိုင်းရဲ့ အာရုံစူးစိုက်စရာ ဖြစ်သွားခဲ့ပြီလေ… မင်းကအဲဒါကို မသိဘူးလား… စင်မြင့်အောက်က အဲဒီစီနီယာတွေနဲ့ ဂျူနီယာတွေကို ကြည့်လိုက်လေ…..”

“အာ… ကျွန်တော်က စီနီယာအစ်ကိုကျန်းအတွက် သူတို့တွေ
ရောက်လာကြတယ်လို့ ထင်နေခဲ့တာလေ…..” ယီယွမ်က ကူရာကယ်ရာမဲ့စွာဖြင့် ပြောဆိုခဲ့သည်။

“သူတို့က ငါ့အတွက်လာတာ ဘာလို့ဟုတ်မှာလဲ… အတိတ်တုန်းက ယှဉ်ပြိုင်ပွဲကြီးတွေမှာ စင်မြင့်နံပါတ်၁ကပဲ ပထမဆုံးအနိုင်ရခဲ့တာလေ… ဒါပေမဲ့မင်းက ပြိုင်ပွဲအဆင့်နှစ်ခုမှာ ပထမဆုံးအနိုင်ရရှိခဲ့တယ်… အဲဒါကြောင့် အခြားသူတွေ အာရုံစူးစိုက်မိခြင်းမရှိဖို့ဆိုတာ ခဲယဉ်းပါတယ်…..” ကျန်းကျင့်က လေးစားစွာဖြင့် သက်ပြင်းချလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now