အပိုင်း၃ (ထူးဆန်းတဲ့ ရောင်စုံကျောက်တုံး )

4.3K 638 0
                                    

[Zawgyi]

အပိုင်း၃ (ထူးဆန်းတဲ့ ရောင်စုံကျောက်တုံး )

အနွေးကုတင်ပေါ်မှာထိုင်နေတဲ့ ယွီရှောင်ချောင်းက ကြင်နာတတ်တဲ့ အမျိုးသမီးလျိုကို ငေးကြည့်နေမိသည်။ သူမ အခုဘယ်လို ခံစားနေရလဲဆိုတာ သူမကိုယ်တိုင်လည်း မသိဘူး ။ အမေလျိုကို ကြည့်ရတာ ချိနဲ့ပြီး အားကိုးရမယ့်ပုံ မပေါ်ပေမယ့်လည်း ဆယ့်လေးနှစ်လောက်ကြာပြီး နောက်ဆုံးမှာတော့ သူမအတွက် ထပ်ပြီးချစ်ခင်တွယ်တာစရာ အမေတစ်ယောက်တော့ရှိလာခဲ့ပြီ ။

ယွီဟန်က သူ့အမေနဲ့ စကားပြောနေရင်း ရှောင်ချောင်းရဲ့ ဆံပင်လေးတွေကို ပွတ်သပ်ကာ

" အမေ ညီမလေးက မွေးကတည်းကအားနည်းပြီး ချူချာနေတာ အခုတော့ သူ့ခမျာ စိုးရိမ်ရတဲ့ ဒဏ်ရာတောင်ရနေပြီ... အဘိုးယိုပြောတာတော့ သူနလန်ပြန်ထူနိုင်ဖို့ အားရှိစေမယ့် အစားအစာတွေ ကျွေးဖို့လိုတယ်တဲ့ "

ယွီဟန်ရဲ့စကားအဆုံး အခန်းတစ်ခုလုံးကို တိတ်ဆိတ်ခြင်းက ခေတ္တမျှ ဖုံးလွှမ်းသွားတယ်။ အမျိုးသမီးလျိုက သူမရဲ့ ကော်တရာ ယောက္ခမ အကြောင်းတွေးမိပြီး မချိတရိပူပန်နေတဲ့ မျက်နှာထားဖြင့် အခန်းအပြင်ဘက်ဆီ ထွက်သွားသည် ။ အမျိုးသမီးလျှို ထွက်သွားပြီးနောက် ရှီထုန်က ယွီရှောင်ချောင်းဆီ တိုးကပ်လာပြီး သူမရဲ့မျက်နှာကို သူ့ရဲ့အေးစက်စက်လက်ကလေးတွေနဲ့ ပွတ်သပ်လိုက်ပြီး

" မမ ကောင်းကောင်းအနားယူပြီး မြန်မြန်နေကောင်းလာပါနော်။ မနက်ဖြန် မမစားဖို့ ကြက်ဥတစ်လုံး ကျနော်ယူခဲ့ပေးမယ် "
ရှီထုန်က နူးညံ့တဲ့အသံလေးနဲ့ သူမနားကပ်ရင်း တိုးတိုးလေးပြောတယ်။

ယွီရှောင်ချောင်းက သူမခံစားချက်တွေကို စုစည်းလိုက်ပြီး အဲ့ဒီကလေးလေးကို ပြုံးပြလိုက်တယ်။
သူမရဲ့ နွမ်းလျမှုတွေ တလိပ်လိပ် မတက်လာခင်အချိန်အထိ ယွီရှောင်ချောင်းက ဒီချစ်စရာကလေးလေးနဲ့ စကားစမြည်ပြောနေလိုက်တယ်။ သူမ အိပ်ပျော်လုဆဲဆဲအချိန်မှာတော့ အမျိုးသမီးလျိုရဲ့ မဝံ့မရဲဖြစ်နေတဲ့ စကားသံကိုကြားလိုက်ရတယ်။

" အမေ ချောင်းအာ အားနည်းနေတာမလို့ သူ့ကို အာဟာရရှိတဲ့အစားအစာတွေ ကျွေးရမယ်လို့ သမားတော်ယိုက ပြောတယ်။ ဒီမနက်တုန်းကလည်း ချောင်းအာကို ဆန်ပြုတ်ကျွေးတော့ တစ်လုတ်နှစ်လုတ်ပဲစားတယ်။ အဲ့တာကြောင့်ကျွန်မ သူ့ကို ကြက်ဥစွတ်ပြုတ်လေး လုပ်ကျွေးချင်တယ်"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now