အပိုင်း ၃၉ (ကျေးဇူးတင်ခြင်းသင်္ကေတ)

2.8K 420 3
                                    

[Zawgyi]
အပိုင်း ၃၉ (ကျေးဇူးတင်ခြင်းသင်္ကေတ)

အဲ့ဒီလိုနဲ့ပဲ ယွီဟိုင်က အရင်တစ်ခါ သူတို့ပင်လယ်စာသွားကောက်တဲ့အချိန် ဖြစ်သွားတဲ့ အကြောင်းအရာ အကုန်အစင်ကို ပြောပြခဲ့တယ်။ တော်ဝင်မင်းသားလေးရေနစ်တာကို ကယ်ခဲ့တာကအစ အန္တရာယ်ရှိတဲ့ ကျောက်တန်းကိုဖြတ်ပြီး ပို့ပေးခဲ့တာကအဆုံး ပြောခဲ့တယ်။

ဒါကိုကြားကြားပြီးချင်း ခေါင်းငုံ့၍နေနေတဲ့ လူကြီးမင်းယွီက သူ့ရဲ့မျက်လုံးများနှင့်အတူ အပေါ်ကို မော့ကြည့်လာပြီး ခေါင်းတညိမ့်ညိမ့်နဲ့
ကောင်းတယ်  မင်းပြောတာတွေ မှန်တယ်... ရေနစ်တဲ့သူကိုကူညီရမှာ ငါတို့တံငါသည်တွေရဲ့ တာဝန်ပဲ... ဒီလိုတော်ဝင်လူမျိုးတွေအနေနဲ့ ဒီအဖြစ်အပျက်မျိုးကို မှတ်မိတယ်ဆိုတော့ သိပ်ကိုကံကောင်းတယ်ပြောရမယ်... ငါတို့တွေက ဆုလာဘ်တွေလိုချင်လို့ ဒီလိုကောင်းတာ လုပ်ပြတတ်တဲ့လူမျိုးမဟုတ်ဘူး ဒါကြောင့် နောက်နောင်ဆိုရင်တော့ ဒီကိစ္စကို စကားထဲထည့်ပြောတာတွေ မလုပ်ကြရအောင်

သူမအနေနဲ့ သူမရဲ့အဘိုးကို ဒီလိုအမြော်အမြင်ကြီးလိမ့်မယ်မှန်း မမျှော်လင့်ခဲ့ဘူး။

ဒါကြောင့် ယွီရှောင်ချောင်းဟာ စကားနည်းပြီး အိမ်ရဲ့အကြီးဆုံးနဲ့ ဩဇာအရှိဆုံးဖြစ်တဲ့
လူကြီးမင်းယွီအပေါ် ထင်မြင်တဲ့သဘောထားများ ပြောင်းလဲလာခဲ့တယ်။

နောက်ဆုံးတော့ ယွီသာ့ရှန်းရဲ့သဘောထားလည်း ရှင်းလင်းသွားပြီး သူရဲ့စိတ်လည်း တော်တော်ကို သက်သာရာရသွားပုံရှိတယ်။
ဒုတိယညီငယ် မင်းကို ကမ်းခြေမှာပင်လယ်စာသွားကောက်ရင်း ကံကြီးစွာနဲ့ ဒီလိုတော်ဝင်မင်းသားလို မြင့်မြတ်တဲ့လူမျိုးကို ကယ်ခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါတို့ဟာ တစ်ခုခုကောင်းတာလုပ်ပြီးရင် အကျိုးအမြတ်တစ်ခုခုကို ပြန်မျှော်လင့်တတ်ကြတဲ့လူမျိုး မဟုတ်ပေမယ့် ဒီလိုမျိုးသူတို့ရဲ့ စေတနာတွေ ကိုတော့ မငြင်းပယ်သင့်ဘူးမလား? မြန်မြန်ဖွင့်ကြည့်လိုက်ပါ... မင်းသားလေး မင်းကို ဘာများချီးမြှင့်လဲ ဆိုတာသိရအောင်!

လူကြီးမင်းယွီလည်း ယွီရှောင်ချောင်းရဲ့လက်ထဲက အဝတ်နဲ့ပတ်ထားတဲ့ ပစ္စည်းကိုကြည့်လိုက်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now