အပိုင်း၁၃၀ (အလည်ရောက်လာသူများ)

3.3K 397 1
                                    

[Zawgyi]


" အကြီးဆုံးဦးရီး၊ ဒုတိယဦးရီးနဲ့ အကြီးဆုံး အရီး!..တတိယဦးရီးရော...ဘာလို့ ဒီမှာရှိနေကြတာလဲ...."
ယွီရှောင်ချောင်း တံခါးဖွင့်ဖို့ ချက်ဖွင့်လိုက်ပြီး တံခါးရှေ့ရပ်နေတဲ့ လူတော်တော်များများကို တွေ့လိုက်ရတော့ သူမ အံ့ဩစွာ အော်လိုက်မိသည်။

ရှောင်ချောင်းရဲ့ တတိယဦးလေး ယွီကျန်းက ခြံဝန်းထဲကို ကြည့်ကာ ပြုံးပြလိုက်ပြီး
" မင်း အိမ်မှာ တစ်ယောက်တည်း ဟင်းရွက်ဆားရေစိမ်ပြီး အချဉ်သိပ်နေတယ်လို့ ဒုတိယ အစ်ကိုဆီက ကြားခဲ့တာ... အိမ်မှာ အလုပ်အများကြီး ရှိနေတယ် မဟုတ်လား... မင်းရဲ့အကြီးဆုံး ဘကြီးက လာကူဖို့ ပြောလိုက်လို့..."

" ကျွန်မ စီမံနိုင်ပါတယ်... အရီးကျိုးနဲ့ အစ်မနှစ်ယောက်က လာကူညီပေးတယ်... အရီးချန်းလည်း ရှိသေးတယ်..."
ရှောင်ချောင်းက ခပ်မြန်မြန်ပဲ အိမ်ထဲကို လမ်းပြကာခေါ်သွားလိုက်တယ်။

အကြီးဆုံးဘကြီးလျိုဖေးရဲ့ ဆံပင်တွေက မနက်ခင်းနှင်းတွေရယ် အလောတကြီးလာလို့ကျလာတဲ့ ချွေးတွေရယ်ကြောင့် စိုရွှဲနေသည်။ ရိုးသားပြီးရိုးရှင်းတဲ့ မျက်နှာပေါ်က အပြုံးလေးနဲ့ သူ ကျယ်လောင်စွာ မေးလိုက်သည်။
"ရှောင်ချောင်း မင်းအဖေ လယ်ခင်းထဲသွားတာလား... ဒါဆို သူ့ကို မြန်မြန်သွားကူကြရအောင်!"

အိမ်မှာ သူ့အကူအညီမလိုတာကိုတွေ့တော့ ယွီကျန်းက ရှောင်ချောင်း အမေဘက်က ဦးလေးနှစ်ယောက်ဘက် လှည့်ကာ ပြောလိုက်သည်။
"အကိုတို့နှစ်ယောက်က လယ်တောကို သွားမယ့်လမ်းကို သိကြလား... ငါလည်း သွားကူမှာ... အိမ်မှာလည်း ကူဖို့ အလုပ်တွေ သိပ်မရှိတာမို့ မြေတူးဖို့ သွားကူရမယ်! လာကြ မင်းတို့ကို ခေါ်သွားမယ်!"

နောက်ဆုံးတော့ ရှောင်ချောင်း သူမဦးလေးတွေ လာလည်ကြတဲ့ အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူမ သူတို့ရည်ရွယ်ချက်အတိုင်း လိုက်ကာ ပြောလိုက်သည်။
"အကြီးဆုံးဦးရီး၊ ဒုတိယဦးရီး, ဦးရီးတို့အိမ်မှာ လုပ်စရာလယ်ကွက်တွေ ပိုများတယ်လေ
အခုချိန်က လူတိုင်း ထယ်ထိုးရင်းနဲ့ အလုပ်များနေကြတာဦးလေးတို့က ဒီလာကြတယ်ဆိုတော့ အဖိုးနဲ့ ကျန်အိမ်သားတွေက အလုပ်တွေအားလုံးကို ကိုင်တွယ်နိုင်ကြပါ့မလား..."

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now