အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း

2.5K 319 3
                                    

[Unicode]

အပိုင်း ၁၉၁ ပြစ်မှုတစ်ခုကို တိုင်ကြားခြင်း

ယွီရှောင်ချောင်းက သွားရည်ကျချင်စရာရနံ့လေးနဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ပူပူနွေးပူနွေး ကြက်ကင်နဲ့ ပင်လုံးကြိုင်ဘဲပေါင်းကို ထုတ်ယူလိုက်ပြီး ကျောင်းအုပ်ကြီးယွမ်ရဲ့ ရှေ့မှာ ထားလိုက်တယ်။ ယွမ်စီနျန်က အစားအစာကို ယူဖို့ လက်လှမ်းလိုက်တဲ့အခါ သူ့ရဲ့ကြော့ရှင်းပြီး ပညာရှင်ဆန်တဲ့ပုံစံကို ပစ်ပယ်လုနီးပါး ဖြစ်သွားပြီး သူ့မျက်လုံးထောင့်အနီးတစ်ဝိုက်မှာ ဆရာတွေအများကြီးရှိတာကို သူ ရုတ်တရက် သတိထားမိသွားတယ်။ သူ့ရဲ့ အထက်တန်းလွှာမျက်နှာဖုံးကို ကမန်းကတန်း ပြန် ဆင်မြန်းလိုက်ပြီး

"အဟမ်း အဟမ်း, ငါ, ကျောင်းအုပ်ကြီးက လက်ဆောင်တွေ မယူတတ်တဲ့ ရိုးသားတဲ့သူတစ်ယောက်ပါ"

ရှောင်ချောင်းက သူမစိတ်ထဲ သူ့ကို အဆုံးမရှိ ဝေဖန်လိုက်တယ်
'အရင် ငါယူလာတဲ့ အစားအစာတွေအားလုံးက ဘယ်ရောက်သွားတာလဲလို့ သိချင်မိတယ်, ဟမ်။ သူက အခုတော့ သူက လက်ဆောင်မယူဘူးလို့ ပြောနေတယ်ပေါ့ တကယ့်ကို လူညာကြီးတစ်ယောက်ပဲ'

အာ! သူမရဲ့မောင်လေးက အနာဂတ်မှာ ဒီလူကြီးကို အားကိုးဖို့ လိုသေးတယ်မလား။ သူမမှာ ရွေးချယ်စရာမရှိဘဲ ဒီဇာတ်ကို ဆက်ရတော့တယ်

"ကျောင်းအုပ်ကြီး, ကျွန်မ အမှန်အတိုင်းပဲ ပြောပါ့မယ်။ ကျွန်မ မေးစရာရှိလို့ ဒီနေ့လာခဲ့တာပါ။ ကျွန်မနဲ့ စကားပြောဖို့ အချိန်များရှိလား"

ကျောင်းအုပ်ကြီးယွမ်က သူ့ခေါင်းကို မြင့်မြင့် ပင့်မလိုက်ရင်း သူ့ရဲ့မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ကာ

"မင်းက ငါ့ကို တစ်ခုခု မေးရုံပဲမလား လက်ဆောင်ယူလာစရာ မလိုပါဘူး!! ဘာဖြစ်လို့လဲ ငါ့ကို တိုက်ရိုက် ပြောပါ။ လူကြီးလူကောင်းတစ်ယောက်ဆိုတာ သဘောထားကြီးပြီး နားလည်မှုရှိရမယ်လေ ငါ မင်းနဲ့ မဆွေးနွေးနိုင်စရာ အကြောင်းမရှိပါဘူး!!"

အခုထိ ဟန်ဆောင်တုန်းပဲ။ သူ ဒီလို သရုပ်ဆောင်ရတာ တော်တော်ကြိုက်တယ်ပေါ့!! ရှောင်ချောင်းက အစားအစာတွေပါတဲ့ ဆီစက္ကူနှစ်ထုပ်ကို သူမရဲ့ ခြင်းတောင်းထဲ တမင်တကာ ပြန်ထည့်ထားလိုက်ရင်း ပြုံးပြလိုက်ကာ

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now