အပိုင်း ၃၆ (သဘာဝရဲ့လက်ဆောင်)

3K 460 0
                                    

[Zawgyi]
အပိုင်း ၃၆ (သဘာဝရဲ့လက်ဆောင်)

တောင်ပေါ်ကချောင်းရေမှာ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေပေမယ့် အဲ့ဒါကို အသုံးပြုရခြင်းက သူ့သခင်ကို အကူညီပေး၍ ရလာသောအကျိုးအမြတ်လောက် မရှိပေ။ လက်တွေ့ကျကျ ပြောရမယ်ဆိုရင်ဖြင့် ချောင်းရေက စွမ်းအင်ကို (၁၀) ရက်လောက် စုပ်ယူခြင်းက သူ့သခင်အတွက် အံ့ဖွယ်ကျောက်ရေ တစ်အိုးဖန်တီးပေးလို့ရတဲ့ ရတဲ့အကျိုးအမြတ်လောက် မစွမ်းဆောင်နိုင်ပေ။

သူ့ရဲ့ကံကြမ္မာက အားနည်းတဲ့ လူသားကောင်မလေးတစ်ယောက်ရဲ့ လက်ထဲ၌
ကျရောက်လျက်ရှိသည်။

မင်းစောင့်နေလိုက်ပါ ဒီချိတ်ပိတ်ထားတာကနေ လွတ်မြောက်သွားတာနဲ့ ငါ့ကို ခြိမ်းခြောက်ဖို့
ထပ်မစဉ်းစားနဲ့တော့! အဲ့ကျရင် ငါ့ဆီက အကူအညီအတွက် တောင်းပန်နေရလိမ့်မယ်

အံ့ဖွယ်ကျောက်တုံးလေးရဲ့ ဝိညာဉ်ပုံစံက ရေထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေတော့သည်။

ယွီရှောင်ချောင်းက သူ့ရဲ့ ရယ်စရာဖြစ်ရပ်ကို လျစ်လျူရှု ထားလိုက်တော့သည်။ သူမကလွဲပြီး တခြားသူတွေက အံ့ဖွယ်ကျောက်တုံးလေးရဲ့ ဝိညာဉ်ပုံစံကို မမြင်နိုင်တာကြောင့် ကိစ္စမရှိပေ။ အဲ့ဒီအစား သူမနဲ့ သူမရဲ့မောင်နှမတွေဟာ သူတို့မိသားစုရဲ့ အချစ်တော်အသစ်လေးဖြစ်လာသော ဒရယ်ပေါက်စလေးကိုသာ ဗိုက်မပြည့်မချင်း အစာကျွေးနေကြတော့သည်။

ဒုတိယအစ်မ အခုက ညဆိုရင်အရမ်းအေးတယ်နော် အသေးလေးက အရမ်းငယ်သေးတော့
အေးခဲပြီးသေသွားရင် ဘယ်လိုလုပ်မလဲ

ရှီထုန်လေးက နာမည်အသစ်ပေးထားတဲ့ ဒရယ်လေးကို သူ့လက်မောင်းတွေနဲ့ ထွေးပိုက်ထားပြီး ဆောင့်ကြောင့်လေးထိုင်နေသည်။ သူက ဒီအကောင်လေးကို ဒီအတိုင်းလွှတ်ထားရမှာ ဝန်လေးနေတယ် ဆိုတာ သိသာလှသည်။ သူ့တို့နှစ်ယောက်လုံးရဲ့ နက်မှောင်ပြီး ကြည်လင်နေသော မျက်လုံးလေးတွေနဲ့ ယွီရှောင်ချောင်းကို ချစ်ဖို့ကောင်းစွာ ကြည့်နေကြသည်။

ယွီဟိုင်က သူ့သားမျက်နှာရဲ့ အဆီအများဆုံးအပိုင်းလေးကို ဆွဲညှစ်လိုက်ရင်း ပြုံးပြလိုက်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now