အခန်း ၁၆ (ဈေးဝယ်ထွက်ခြင်း)

3.5K 537 3
                                    

[Zawgyi]

အခန်း ၁၆ (ဈေးဝယ်ထွက်ခြင်း)

စားဖိုမှူးခေါင်းဆောင်ဝမ်က ချက်ပြုတ်ရေးအရည်အချင်းတွေ ပြည့်ဝတယ်လို့ လူသိများတဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့သူဖြစ်သည့်အတွက် ချက်ပြုတ်ရေးလောကကြီးက ဘယ်လောက်ထိ ပြိုင်ဆိုင်မှု ပြင်းထန်ကြတယ်ဆိုတာ သိပြီးသားဖြစ်သည်။ သူ့ရဲ့အတွေ့အကြုံအရ သီးသန့်အထူးဟင်းလျာရှိတဲ့ နာမည်ကြီးစာဖိုမှူးအားလုံးက သူတို့ရဲ့ ဖော်စပ်နည်းကို စိတ်အားထက်သန်စွာ သိုဝှက်သိမ်းဆည်း ကြတယ်။ သို့သော်လည်း သူ့ရှေ့မှာရှိတဲ့ မိန်းမငယ်လေးက သူမရဲ့လျှို့ဝှက်ချက်တွေကို မျှဝေတဲ့အခါ စိတ်စနိုးစနောင့် ဖြစ်တာမျိုးမရှိခဲ့ပေ။ စားတော်ကဲဝမ်ကမပြောခင် သူ့လက်တွေကို ရှက်ကိုးရှက်ကန်းနဲ့ ပွတ်နေခဲ့တယ်။

"ယွီမိန်းကလေး... မင်း နောက်ဆုံး,ဆုံးဖြတ်ချက်ကို မချခင် မင်းမိဘတွေနဲ့ဆွေးနွေးတာက အကြံကောင်း ဖြစ်လိမ့်မယ်"

"သူတို့ကိုမေးဖို့မလိုဘူး ဒီဖော်စပ်နည်းကို ကျွန်မကိုယ်တိုင် လုပ်ထားတာ အိမ်ကဘယ်သူမှ ဒါနဲ့ပတ်သတ်ပြီးမသိကြဘူး မယုံရင် အခုကျွန်မအစ်ကို ကိုသွားမေးကြည့်လိုက်"

ယွီရှောင်ချောင်းက ခေါင်းဆောင်စာဖိုမှူးရဲ့ အကြံပေးချက်ကို သူမရဲ့လက်ကို ဝှေ့ယမ်းပြပြီး ငြင်းဆိုခဲ့တယ်။

တတိယသခင်လေးကျိုးက သူမပြောတဲ့စကားကို ယွီဟန်နဲ့အတည်ပြုပြီးတာနဲ့ သူရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကို မချခင် တော်တော်လေးစဉ်းစားခဲ့တယ်။ "ဒါပေါ့ ငါ မင်းရဲ့ ရက်ရက်ရောရော ပေးတဲ့လက်ဆောင်ကို ကျေကျေနပ်နပ် ယူပါ့မယ် အနာဂါတ်မှာ မင်းဒုက္ခနဲ့ကြုံတွေ့ခဲ့ရင် ငါ့ကိုရှာဖို့ ကျိုးမိသားစုအိမ်တော်ကို လွတ်လွတ်လပ်လပ်လာခဲ့ပါ"
ယွီရှောင်ချောင်းက ကြည်နူးတဲ့အတွေးနဲ့ ပြုံးခဲ့တယ်။ လူတတ်လေး , ငါ မင်း အဲ့လိုပြောမှာစောင့်နေတာ!

"ဪဒါနဲ့! အခုရာသီဥတုကပူနေတော့
ကျန်တဲ့ ခရုဆီတွေကို ရေခဲပုံးထဲမှာ သိမ်းထားလိုက်ပါ၊ မပုပ်သိုးခင် တစ်လထက်ပိုပြီးထားလို့
မရဘူး"
ထိုလူနှစ်ယောက်ကို သူမ နောက်ဆုံးအနေနဲ့ အကြံဉာဏ်ပေးပြီးတဲ့နောက်မှာ သူမ
ခက်ခက်ခဲခဲရခဲ့တဲ့ ပိုက်ဆံအိတ်လေးကိုပွတ်ပြီး ထွက်ခွာဖို့ပြင်ဆင်ခဲ့တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now