အပိုင်း ၉၂ ( စိုနေတဲ့ဆန် )

3.4K 460 0
                                    

[Zawgyi]

သားသတ်သမားဝမ်က နေ့တိုင်း ဝက်တစ်ကောင် သားထိုးလေတယ်။ တစ်ဝက်ကို အနီးတဝိုက်က စားသောက်ဆိုင်မှာရောင်းပြီး တစ်ဝက်ကို သူ့ဆိုင်မှာ တင်ရောင်းတယ်။ နေဝင်ချိန်ရောက်တာနှင့် ဆိုင်မှာတင်ရောင်းတဲ့တစ်ဝက်က အကုန်နီးပါး ရောင်းထွက်နေပြီ။

ထုံးစံအတိုင်း ရှောင်ချောင်းက ဝက်ခေါင်းအတွက် ဒင်္ဂါးငါးပြား ဝမ်းတွင်းသားနဲ့ဝက်အူတွေအတွက် ဒင်္ဂါးလေးပြားပေးဝယ်တယ်။ ဝက်သွေးတွေကိုတော့ သားသတ်သမားဝမ်က ရှောင်ချောင်းကို အလကားပေးလေ့ရှိတယ်။

လျို့ကောပေးလိုက်တဲ့ ပိုက်ဆံအိတ်ထဲက ငွေတုံးတချို့ကို ပွတ်သပ်လိုက်ပြီးနောက် ရှောင်ချောင်းက ဝက်ဗိုက်သားနှစ်ကျင်းနှင့် ဝက်နံရိုးခပ်ကြီးကြီးတစ်ခုကိုပါ ဝယ်လိုက်တော့ သားသတ်သမားဝမ်က သူမကို တအံ့တဩနှင့်

" ဒီနေ့ အသားတွေ အများကြီးဝယ်တာပဲ! ဧည့်သည် လာဖို့ရှိလို့လား?"

ရှောင်ချောင်းက ရှင်းပြမနေတော့ဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး

"ဟုတ်...  ဂုဏ်သရေရှိတဲ့ ဧည့်သည်တစ်ယောက်လာမှာမလို့ အဲ့တာကြောင့် ထမင်းပွဲကို သေချာ ဖွယ်ဖွယ်ရာရာလေး ပြင်ချင်လို့ပါ"

ဝယ်ထားတဲ့ အသားတွေကို ယွီဟိုင် တွန်းလာတဲ့ လက်တွန်းလှည်းပေါ် တင်လိုက်ပြီးနောက် ရှောင်ချောင်းက မြို့ထဲက ဆန်နဲ့ဂျုံတွေရောင်းတဲ့ ဆိုင်ကို ဦးတည်လိုက်တယ် ။ သူတို့ ဆိုင်ထဲဝင်လိုက်တာနှင့် ဆူဆူညံညံအသံတချို့ကို ကြားလိုက်ရတယ် ။ ဆူဆဲနေတဲ့ လူကြီးတစ်ယောက်ရဲ့အသံနဲ့ အော်ဟစ်ငိုကြွေးနေတဲ့ ကလေးရဲ့ငိုသံက ဆိုင်ထဲမှာစူးစူးဝါးဝါး မြည်ဟီးလို့နေတယ်။

ရှောင်ချောင်းတို့ အထဲကို မဝင်သေးဘဲ အပေါက်ဝမှာပဲ ခဏလောက် ရပ်နားထောင်လိုက်တယ်။ ကြည့်ရတာ ဆိုင်ရှင်ရဲ့ကလေးက ဆော့ပြီး ကောက်ညှင်းဆန်အိတ်ပေါ် ရေတွေ ဖိတ်ကျမိအောင် လုပ်လိုက်ပုံပဲ။ ဆိုင်တာဝန်ခံက ဆန်တွေအကုန် ရေစိုမသွားအောင် အစွမ်းကုန် ကြိုးစားနေပေမယ့်လည်း ဆယ်ကျင်းလောက်က ရေတွေစိုကုန်လေပြီ။ ရေစိုသွားတဲ့ဆန်တွေက မကောင်းတော့ဘူးဆိုတာ လူတိုင်းသိလေတယ်။ တကယ်လို့ အဲ့တာကို ပြန်အခြောက်ခံမယ်ဆိုရင်တောင် ဆန်တွေက ကျိုးကျေပြီး အမှုန့်တွေ ဖြစ်ကုန်မှာ။ ဒါကြောင့် ဆိုင်ရဲ့ ဆယ့်ခုနစ်ကျင်း ဆယ့်ရှစ်ကျင်းလောက်သော ဆန်တွေက ရောင်းလို့ရမှာ မဟုတ်တော့ပေ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now