အခန်း၁၅၅ (ထွက်ခွာဖို့လေးကန်နေခြင်း)

2.9K 365 7
                                    

[Zawgyi]


နေ့လယ်တုန်းက ရှောင်ချောင်းဟာ အမျိုးသမီးမောက်ဆီကနေ ဘဲနှစ်ကောင် သွားဝယ်လာခဲ့တယ်။ သူမဟာ ဘဲသွေးတွေကို အင်တုံငယ်ထဲ စီးစေပြီး ဘဲကလီစာကိုတော့ ဝက်အူနဲ့ရောနှပ်ဖို့ လုပ်လိုက်တယ်။

ဟင်းနှပ်လည်းကျက်ရော ခြံဝန်းတစ်ခုလုံး သင်းပျံ့တဲ့ရနံ့လေးနဲ့ လွှမ်းခြုံနေတော့တယ်။ အိမ်ထဲကို ဧကရာဇ်ဟောင်းဝင်လာတဲ့အခါ ဟင်းနံ့ကို တဝကြီး ရှူရှိုက်လိုက်ပြီး ဝမ်းသာသွားတဲ့ မျက်နှာထားနဲ့ သူ့ကိုယ်သူ ရေရွတ်လိုက်တယ်။

ဒီအနံ့ပဲ! မိန်းကလေးငယ်ချက်တဲ့ ထူးခြားတဲ့အရသာရှိတဲ့ တစ်ခုတည်းသောဝက်ခေါင်းနှပ်ရဲ့အနံ့ပဲ!

ထို့နောက် သူက ခြံထဲမှာ ကြာဇံအခြောက်ခံထားတာကိုတွေ့တော့ ဟက်ဟက်ပက်ပက် ရယ်မောရင်း

ဒီမိန်းကလေး ဖြစ်အောင်လုပ်နိုင်မယ်ဆိုတာ ငါသိသားပဲ! မဟုတ်ဘူးလား! မိန်းကလေး! စားပွဲပေါ်ကို ဝက်သားကြာဆံပါ ချက်ပြီးတည်ခင်းလှည့်ပါဦး

ယွီရှောင်ချောင်းက အသံလည်းကြာရော ဖီးဖိုထဲမှ ထွက်လာခဲ့ပြီး ကျောက်မိသားစုနဲ့ ဧကရာဇ်ဟောင်းတို့ကို နှုတ်ဆက်လိုက်တယ်။ သူမဟာ အပိုတောင်းဆိုနေတဲ့ သူဘက်ကို မျက်စောင်းထိုးကြည့်လိုက်ကာ

ပဉ္စမအရှင်သာ ဝက်သားအချို့ကို မျက်လှည့်ပြသလိုမျိုး ဘွားခနဲပေါ်လာအောင် လုပ်ပေးနိုင်ရင် ဝက်သားကြာဆံချက်ကို ဒီမိန်းကလေးက ချက်ပေးနိုင်ပါတယ်!

ကြည့်ပါဦး, မင်းက ဒီအရှင်ရှေ့မှာ ငမွဲလို လုပ်ပြနေလိုက်တာ! အရင်တစ်ခါ အသားနှပ်လုပ်နည်း ဝယ်တုန်းက ငါမင်းကို ငွေတွေအများကြီး မပေးခဲ့ဘူးလား... မင်းက ဝက်သားလေးတောင် ဝယ်မစားနိုင်ဘူးလို့တော့ ငါ့ကိုလာမပြောနဲ့ ဟိတ် ကလေးမ! မင်းက တနေ့တခြား ပိုပိုပြီး ရဲတင်းလာပါလား, အာ ဒီအရှင့်ကိုတောင် မျက်စောင်းထိုးရဲတယ်!

ဧကရာဇ်ဟောင်းက အသက်ကြီးပေမယ့်လို့ မျက်လုံးနဲ့နားကတော့ အရင်လို လျင်ဆဲပင်။ ရှောင်ချောင်းက သူ့အား မျက်စောင်းထိုးလိုက်တာကို မြင်ဖြစ်အောင် မြင်လိုက်သည်လေ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now