အပိုင်း ၅၈ (ဖြတ်တောက်ခြင်း)

2.7K 424 0
                                    

[Zawgyi]

မဟုတ်ဘူး! ဒါကို ခြေထောက်လို့ပင် မပြောနိုင်တော့ပေ။ သွေးကြွက်သားတစ်ရှူးတွေနဲ့ အရိုးဖြူဖြူကြီးကို ဖော်ပြနေသလို ညာခြေရဲ့အရေအားလုံးနီးပါး ခွာထားသည့်အတိုင်းပင်။ သူ့ခြေထောက်ရဲ့ ပြင်းထန်ဆုံးအပိုင်းက ပေါင်ဖြစ်ကာ အရေပြားတွေက ဆုတ်ခွာထားသလိုပင်။
သွေးတွေက သွေးလွှတ်ကြောကနေ မရပ်မနား ထွက်ကျနေသည်။ ကျောက်ပုဖန်းကသာ အဝတ်ကို ဖြဲကာ ချည်ပေးမထားဘူးဆိုရင် ယွီဟိုင်က အိမ်မရောက်ခင် သွေးလွန်ပြီး အသက်ဆုံးရှုံး သွားလိမ့်မည်ပင်။
ရှောင်....ရှောင်ချောင်း..
အမျိုးသမီးလျို အသက်မရှုနိုင်လောက်သည်ထိ ပြင်းထန်စွာ ငိုကြွေးနေသည်။ ဆောင်းတွင်းတုန်းက အဖိုးတန်ဆေးတွေသာ မသောက်ထားဘူးဆိုရင် သူမ မူးလဲနေလောက်ပြီဖြစ်သည်။ သူမ နောက်ဆုံးသော ကောက်ရိုးမျှင်လေးကို ဆုပ်ကိုင်ထားသလို ရှောင်ချောင်းကို မြဲမြံစွာ ဆွဲကိုင်ထားသည်။
ဟုတ်တယ်မလား..ရှောင်ချောင်း...သမီးက သမားတော်ယို လက်အောက်မှာ ဆေးပညာလေ့လာခဲ့တာမဟုတ်လား...သမီးအဖေကို မြန်မြန်ကုလိုက်တော့လေ...
ယွီရှောင်ချောင်းက သူမဘဝတစ်လျှောက်လုံး ဒီလို သွေးသံရဲရဲမျိုးကို မမြင်ဘူးချေ။ ဒါကြောင့် သူမ တစ်ခဏ ကြက်သေသေသွားပြီး ဘာစလုပ်ရမလဲ မသိတော့ချေ။
[သခင် သခင်က သွေးတိတ်သွားအောင် အရင်လုပ်ရမယ်လေ!...သူ့သွေးတွေအကုန်သာ ကျနေရင် အမတတစ်ယောက်တောင် သူ့ကို ကယ်နိုင်မှာမဟုတ်ဘူး!...]
ကျောက်တုံးလေးက သူ့သခင်မျက်နှာရဲ့ ကြောက်လန့်နေတဲ့ပုံစံကို မြင်ပြီး ခပ်မြန်မြန်ပင် သူမကို သွေးတိတ်အောင် အရင်လုပ်ဖို့ သတိပေးလိုက်သည်။
ငါ...ငါ ဘာလုပ်သင့်လဲ...
သူမ အရင်ဘဝက ကုသမှုတွေက ဒဏ်ရာကြီးတွေဆို အမြဲလိုလို သွေးအရင်တိတ်အောင် ဒဏ်ရာချုပ်ကြတာကို သတိရသွားသည်။ သို့သော်လည်း သူမအဖေခြေထောက်က ဒဏ်ရာတွေက ဇကာပေါက်လို ဖြစ်နေသည်။ သူမ ဘာလုပ်သင့်လဲ...။
[ ငါ့စွမ်းအင်တွေ သုံးလို့ရအောင် သခင်ရဲ့ကိုယ်ကို သူ့ပေါင်ပေါ်က ဒဏ်ရာနားသွားလိုက်! ]
ကျောက်တုံးလေးက ပြဿနာကို အတူတူဖြေရှင်းဖို့ သူ့သခင်ကိုသာ လမ်းညွှန်ပေးနိုင်သည်။
ယွီရှောင်ချောင်း ဆေးသေတ္တာထဲကနေ ပြင်ပဒဏ်ရာတွေအတွက်သုံးတဲ့ ဆေးဝါးအားလုံးတွေကို အပြင်ထုတ်လိုက်သည်။ သူမ မှော်ကျောက်တုံးရေ ပါဝင်မှုများများကို ဆေးဝါးတွေနဲ့ရောလိုက်သည်။ အနှစ်ဖြစ်အောင် ရောမွှေပြီးတဲ့အခါမှာ သူမက သူမအဖေဒဏ်ရာပေါ်သို့ ဂရုတစိုက် သုတ်လိမ်းလိုက်သည်။ ဆေးလိမ်းနေတုန်း သူမက လက်ကောက်ဝတ်ရှိ ကျောက်တုံးလေးနဲ့ အနာကို နီးနိုင်သမျှနီးအောင် ကြိုးစားနေသည်။
ရွှေအလင်းရောင်ဖျော့ဖျော့လေးက စွမ်းအင်ကျောက်တုံးမှ ပေါ်လာပြီး ယွီဟိုင် ခြေထောက်တစ်ခုလုံးအတွင်းသို့ ဝင်သွားသည်။ သာမန်မျက်လုံးနဲ့ ပြောင်းလဲမှုတွေ မမြင်ရပေမဲ့ ပေါက်ပြဲနေတဲ့ သွေးကြောတွေ စုတ်ပြတ်နေတဲ့အသားတွေကို ကျောက်တုံးလေးရဲ့ စွမ်းအားတွေနဲ့ မသိမသာ ကုသပေးနေသည်။ တစ်နည်းပြောရရင် အစက သူ့ခြေထောက်က အရမ်းဆိုးဝါးနေပေမဲ့လည်း နောင်မှာ နှစ်ကြိမ်လောက် မြန်မြန်ကုသပေးရလိမ့်မည်။
ယွီဟိုင်ခြေထောက်တွေကို ရွှေရောင်အလင်းကြောင်းလေးက နာရီဝက်ကြာအောင် ဖုံးလွှမ်းပေးလိုက်သည်။ ကျောက်တုံးလေးရဲ့ နောက်ဆုံးစွမ်းအားတွေ ကုန်ခမ်းသွားသည် အထိပင်။ ရှောင်ချောင်းကို အပေးအယူလုပ်ဖို့လည်း မမေ့ချေ။
[ မင်းနောက်ခါ မြို့ထဲသွားရင် ငါ့ကို တုန်းရန်ဆေးဆိုင်ကို ခေါ်သွားဖို့ သတိရဦး....ငါစုဆောင်းလာတဲ့ စွမ်းအင်တွေ အားလုံးကုန်သွားပြန်ပြီ...ငါပင်ပန်းနေပြီ....အိပ်ဖို့လိုနေပြီ....]
ပြောလို့မပြီးခင်မှာပဲ နောက်ဆုံးအလင်းတန်လေးက ကျောက်တုံးလေးဆီ ပြန်လာလေသည်။ ကျောက်တုံးလေးဆီမှ ဘာလှုပ်ရှားမှုမှ ရှိမလာတော့ပေ။ ယွီရှောင်ချောင်း ကျောက်တုံးလေးကို စိတ်ပူပေမဲ့ သူမအဖေရဲ့ ဒဏ်ရာကို ပိုစိတ်ပူနေသည်။
အနွေးအိပ်ယာပေါ်က ယွီဟိုင်မျက်နှာကတော့ ဖြူဖျော့နေတုန်းပင်။ အသက်ရှူနေသည်က အားနည်းနေပြီး သူ့ခြေထောက်တွေက သုတ်လိမ်းထားတဲ့အနာကြပ်ဆေးတွေနှင့် ဖုံးလွှမ်းထားသည်။ သို့သော် အရင်ကလောက်ထိတော့ စိုးရိမ်စရာ မလိုတော့ချေ။
အို ဘုရားရေ!...သူက ဒီလိုဒဏ်ရာ ပြင်းထန်ရနေတယ်...နင် သူ့အသက်ကို ကယျနိုငျရငျဝောာငျ သူ့ညာခြေက မသန်စွမ်းဖြစ်သွားနိုင်တယ်....ကျွတ်..ကျွတ်...
မီးလောင်ရာ လေပင့်တတ်တဲ့ အမျိုးသမီးလီက ခေါင်းခါလိုက်ကာ လျှာဝင်ရှည်လိုက်သည်။
ဒေါသထွက်နေတဲ့ အဖိုးယွီက နောက်ဆုံးတော့ ပေါက်ကွဲစရာ လူရှာတွေ့သွာပြီး
သူ ဒီလိုဖြစ်နေတာတောင် နင်ကထေ့ငေါ့ပြောနေသေးတယ်...ထွက်သွားစမ်း!...
အမျိုးသမီးလီ ဘယ်လောက်အရေထူနေပါစေ သူမယောက္ခမက သူမကို လူမြင်ကွင်းမှာ ဆူပူတာတော့ မခံနိုင်ပါချေ။ သူမကမတတ်နိုင်ပဲ တတွတ်တွတ်ပြောနေတယ်။
သူကို တောင်ပေါ်သွားဖို့ပြောတဲသူက ကျွန်မ မဟုတ်ဘူး ဘာလို့ ကျွန်မကို အော်နေတာလဲ... တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုလည်း သူမှသတိမထားတာဖြစ်ပြီပေါ့ သူ့ကိုပဲ အပြစ်တင်လေ...အွတ်!...
အမျိုးသမီးလီ ပြောလို့မပြီးသေးခင်မှာဘဲ ရှီထုန်လေးက သူမကို တွန်းတိုက်လိုက်သည်။ ရှီထုန် မျက်လုံးတွေက ဝမ်းနည်းမှုတွေ မုန်းတီးမှုတွေ ပြည့်နှက်နေပြီး အမျိုးသမီးလီကို စိုက်ကြည့်နေသည်။ သူအဖေက ဒီမိသားစုကြောင့် ဒဏ်ရာရနေသည်။ အကြီးဆုံးအရီးက ဒီလိုစကားတွေပြောနေသေးသည်။ အဖေ့ထိခိုက်တာတွေနဲ့ လုံးဝကို မထိုက်တန်ဘူး !...
ရှီထုန်လေးက အထိနာနေတဲ့ တောကောင်နှင့် တူနေသည်။ ရှီထုန်ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး အမြဲလိုလို ကောက်ကျစ်ပြီးဆရာကြီး လုပ်တတ်တဲ့ အမျိုးသမီးလီက သူမပြောလိုက်မိတာအပေါ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ရွာသားတွေရဲ့ မကျေနပ်တဲ့အကြည့်တွေအောက်မှာ အမျိုးသမီးလီက အမြှီးကုတ်ကာ အနောက်ခန်းမှ ထွက်သွားတော့သည်။
ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို ယွီရှောင်ချောင်း လုံးဝ အာရုံမထားပေ။ သူမက သူမအဖေနေကောင်းလာဖို့သာ အာရုံစိုက်ထားသည်။ သူမက ဆေးသေတ္တာထဲက စွမ်းအားမြင့်တဲ့ ကျောက်တုံးရေကို ယူလိုက်သည်။ အမျိုးသမီးလျို အကူအညီနှင့် သူတို့က ယွီဟိုင်ပါးစပ်ကို ဟကာ ဂရုတစိုက် တိုက်လိုက်သည်။
ကံကောင်းစွာနှင့် တစ်စက်မှပင် ဖိတ်မသွားချေ။ ယွီဟိုင်က သတိမမူစွာ မျိုချလိုက်သည်။ သူကသာ မျိုမချနိုင်ခဲ့ဘူးဆိုရင်တော့ ယွီရှောင်ချောင်း မျှော်လင့်ချက်မဲ့သွားနိုင်သည်။ သူမ  ကျောက်တုံးလေးရဲ့စွမ်းအားအာနိသင်ကို နားလည်စွာနှင့် သူမအဖေကို ကယ်တင်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်နေသည်။
အရီးရွှမ်းကျူးက ရှောင်ချောင်းလက်ထဲက ဆေးပုလင်းကို ကြည့်ပြီး ဘာမှတော့ မပြောချေ။ ဆောင်းတွင်းတုန်းက သူမယောကျာ်း အဖျားအပြင်းအထန်ဖြစ်ခဲ့သည်။ ရှောင်ချောင်းကသာ အသက်ကယ်ဆေးမယူခဲ့ရင် သူမယောကျာ်းသေသွားနိုင်သည်။ အဲ့ဒီဆေးက သမားတော်ယို သူ့ဘဝတစ်လျောက်လုံး အပတ်တကုတ်အားထုတ်ထားတဲ့ ရလဒ်ပင်ဖြစ်သည်။ သာ့ဟိုင်ရဲ့ အသက်ကိုလည်း ကယ်နိုင်မှာပါ ဟုတ်တယ်မို့လား...
ယွီရှောင်ချောင်းက မှင်သက်ဆဲဖြစ်နေပြီး ထွက်သွားဖို့ငြင်းဆန်နေတဲ့ သူမအမေကိုလည်း ဆေးရည်အနည်းငယ် တိုက်လိုက်သည်။ သူမအမေရဲ့ ဖျားနာမှုဟောင်းက သက်သာခါစရှိသေးသည်။ သူမ သူမအမေကို ဒီလိုအကျပ်အတည်းအချိန်မှာ နေမကောင်းထပ်အဖြစ်မခံနိုင်ပါ။
ဒုတိယအစ်မ အဖေက သေတော့မှာလား...ကျွန်တော် ကြောက်တယ်...
ခြောက်နှစ်ပဲရှိသေးတဲ့ ရှီထုန်လေးကတောင် သေခြင်းတရားက ကြောက်စရာဘယ်လိုကောင်းကြောင်း သိနေသည်။ သူ့မျက်ဝန်းတွေမှာ မျက်ရည်တွေ ပြည့်နှက်နေရင်း မိသားစုထဲမှာ တည်ငြိမ်နေတဲ့ တစ်ယောက်သောသူ ရှောင်ချောင်းဆီတိုးဝင်နေမိသည်။
ထိုအချိန်မှာ အဖွားကြီးကျန်းကတော့ ဘယ်သူကိုမှ စကားမပြောဘဲ သူမအခန်းထဲမှာ ပုန်းနေသည်။ အဖိုးယွီက ပြန်လျှောက်သွားကာ အနောက်ခန်းမှ ထွက်လိုက်သည်။ သူ သက်ပြင်းသာချလိုက်ရင်း ဘာလုပ်ရမှန်းကို မသိတော့ချေ။ ယွီသာ့ရှန်းကတော့ အနောက်ခန်းထဲမှာရှိနေခဲ့သော်လည်း ဘာအကူအညီမှတော့ မဖြစ်ပေ။
ယွီချိုင်သျဲ့က သစ်တော်ပွင့်ပေါ် မိုးစက်ကျနေသကဲ့သို့ ငိုကြွေးနေသည်။ အားတော့တစက်မှမကိုးရ။ ဦးလေးငယ်နှင့် သူမိသားစုတွေကတော့ နွေဦးကတည်းက ပြန်သွားကြပြီဖြစ်သည်။
သူတို့က မြည်းလှည်းငှားကာ မြို့သို့သွားကြပြီ ဖြစ်သည်။ ဒီမိသားစုကြီးထဲမှာ အဖေဖြစ်သူကို တည်ငြိမ်စွာဆေးကုနေသည့် ယွီရှောင်ချောင်းအပြင် ဘယ်သူကမှ ဘာလုပ်ကြရမှန်း မသိကြချေ။
ပူပန်စိုးရိမ်နေကြရင်းနဲ့ အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးလာသည်။ ယွီမိသားစု ဖြစ်စေ၊ ရောက်နေတဲ့ ရွာသားတွေ ဖြစ်စေ သူတို့က မြို့ကသမားတော်ရောက်အလာကို စောင့်နေကြသည်။
နောက်ဆုံးတော့ မြည်းလှည်းက ရွာအဝင်ကို တဟုန်တိုးဖြတ်ပြေးလာသည်။ လှည်းမောင်းသမားက လူနာက အရေးပေါ်ဖြစ်နေတာကို ကြားတဲ့အခါမှာ သူက မြည်းကောင်းနေ မကောင်းနေ ဂရုမစိုက်တော့ဘဲ မြင်းတစ်ကောင်လို အပြေးမောင်းလာလေတော့သည်။ တစ်နာရီမောင်းပြီးတဲ့အခါ နောက်ဆုံးတော့ သူ မြို့ကသမားတော်ကို ပင့်ဆောင်နိုင်ခဲ့ပြီပင်။
ရောက်လာတဲ့ သမားတော်က တုန်းရန်ဈေးဆိုင်က ဆေးနတ်ဘုရား သမားတော်စန်းပင်။ မြည်းလှည်းကနေ ဆင်းပြီးတဲ့အခိုက်မှာ သူက ဆေးသေတ္တာကို ချက်ချင်းယူပြီး
ဒဏ်ရာနဲ့လူနာက ဘယ်မှာလဲ...ငါကို မြန်မြန်ခေါ်သွားပေး... ဟု မေးလိုက်ရင်း ဝန်းတံခါးကို မြန်မြန် ဖြတ်လျှောက်သွားသည်။
ရွာသားတွေက သမားတော်စန်းကို အနောက်ခန်းသို့ ဦးဆောင်ခေါ်သွားသည်။ အစကတည်းက အနောက်ခန်းက မီးအလင်းရောင်က အရမ်းတောက်ပ မနေတတ်ပေ။ အခုတော့ လူတွေက အဝမှာ စုဝေးနေကြသဖြင့် အခန်းက ပုံမှန်ထက် ပိုမှောင်ကာနေသည်။
ဆွေမျိုးတွေကလွဲလို့ အပြင်လူတွေက လူနာကို အနှောက်အယှက်မဖြစ်အောင် အခန်းထဲက ထွက်သွားရမယ်!...
သမားတော်စန်းက အခန်းထဲက ဆူညံသံတွေကို မကျေနပ်ချေ။ မျက်မှောင်ကြုံ့ပြီး လူတွေကို မောင်းထုတ်လေတော့သည်။
သမားတော်စန်း ယွီဟိုင်ရဲ့ ဒဏ်ရာကို မြင်တဲ့အခါမှာ လေအေးအေးကို ရှူရှိုက်လိုက်သည်။ နှစ်ပေါင်းများစွာ ဆေးပညာကုသလေ့လာ လာပြီးနောက် ဒီလို ဆိုးရွားတဲ့ ဒဏ်ရာကို တွေ့ရတာ ရှားသည်။ သူ မြန်မြန်ပင် အိပ်ယာဘေးထိုင်ကာ ယွီဟိုင်ရဲ့ သွေးခုန်နှုန်းကို စမ်းလိုက်သည်။
တစ်ခနလောက် သွေးခုန်နှုန်းစမ်းပြီးနောက် သမားတော်စန်း သက်ပြင်းချလိုက်သည်။ သူ့ကိုပဲ ကြည့်နေတဲ့ အမျိုးသမီးလျိုနှင့် သမီးဖြစ်သူဘက် လှည့်ကာ လေးနက်တဲ့အမူအယာနှင့် ပြောလိုက်သည်။
သူ့သွေးခုန်းနှုန်းက အားနည်းလွန်တယ်...သူ့သွေးကြောတွေက ကြက်သွန်မြိတ်လိုပဲ အခေါင်းတွေဖြစ်နေတယ်.. .အဓိကပြသနာက သွေးတွေအများကြီးဆုံးရှုံးသွားပြီး သူ့ယင်စွမ်းအင်ကို ထိခိုက်သွားတာပဲ...
သမားတော် ကလေးတွေအဖေကို ကယ်နိုင်လား... အမျိုးသမီးလျိုကစိတ်အခြေအနေ ရှုပ်ထွေးစွာ သူမယောကျာ်းအခြေအနေကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
သမားတော်စန်းက ယွီဟိုင်ဒဏ်ရာကို ဂရုတစိုက် နောက်ထပ်ပြန်စစ်ဆေးလိုက်သည်။ စစ်ဆေးပြီးတဲ့အခါမှာ မျက်ခုံးတွန့်ကာ ပြန်ပြောလိုက်သည်။
သူ့ဒဏ်ရာပေါ် သွေးတိတ်ဖို့သုံးထားတဲ့ ဆေးက တော်တော်သက်ရောက်မှုရှိတယ်...ဆေးက အချိန်မီ သက်ရောက်မှုမရှိရင် ကျွန်တော်ရောက်သည်ထိတောင် စောင့်နိုင်မှာ မဟုတ်ဘူး...ဒါပေမဲ့လည်း....
အမျိုးသမီးလျိုက သမားတော်မျက်နှာပေါ်က ဝမ်းနည်းတဲ့အမူအယာကို မြင်တဲ့အခါမှာ သူမနှလုံးသား နစ်မြုပ်သွားကာ ချောက်နက်ထဲပြုတ်ကျလုနီး ခံစားလိုက်ရသည်။
သမားတော်စန်း ရှင်က မြို့ထဲက ကျော်ကြားတဲ့ သမားတော်လေ...ကျေးဇူးပြုပြီး ကလေးတွေရဲ့ အဖေကို ကယ်တင်ပေးပါ...ကျွန်မ အနူးအညွှတ်တောင်းဆိုပါတယ်...
ကျွန်တော်က မကယ်ချင်တာ မဟုတ်ပါဘူး... ပြဿနာက သူ့ကိုကယ်နိုင်လား မကယ်နိုင်လား ဆိုတာပဲ...သူခြေထောက်ပေါ်က ဒဏ်ရာက တအားကြီးလွန်းတယ်...ထပ်ပြောရရင် အရေပြားတွေနဲ့ ကြွက်သားကြောတွေက ပေါက်ပြဲနေပြီး အလိပ်လိုက်ကွာနေတာ...ငါ ကုသချင်ရင်တောင် ဘယ်နားကစကုရမှန်း မသိတော့ဘူး...
လွန်ခဲ့တဲ့ နှစ်များစွာတုန်းကလည်း ဒီလိုဒဏ်ရာနဲ့ လူနာကို ကုသဖူးတယ်...လူနာကို အကောင်းဆုံးကုသခဲ့ပေမဲ့ နောက်ဆုံးကျတော့ ရောဂါပိုးဝင်ပြီး အပြင်းအထန်ဖျားကာ ဆုံးသွားတယ်....
အမျိုးသမီးလျိုက သမားတော်ပြောတာကြားတဲ့အခါမှာ အသက်မရှုနိုင်ဘဲ အိပ်ယာဘေးမှာ မူးလဲသွားသည်။ ကလေးသုံးယောက်ကလည်း အမေဖြစ်သူကို အိပ်ယာပေါ်လှဲပေးလိုက်ရင်း ငိုကြွေးနေကြသည်။
ယွီရှောင်ချောင်းက စိတ်ထဲက ပူပန်ဝမ်းနည်းမှုတွေကို အတတ်နိုင်ဆုံး ဖိနှိပ်ဖို့ ကြိုးစားလိုက်သည်။ သူမ တည်ငြိမ်စွာ အလျော့မပေးသော လေသံနှင့် မေးလိုက်သည်။
သမားတော်စန်း အဖေ့ကို ကုသဖို့ မျှော်လင့်ချက်မရှိတော့ဘူးလား...
သမားတော်စန်းက ယွီဟိုင်ရဲ့ သွေးတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ခြေထောက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
အခုတော့ သူအသက်ရှင်နိုင်ဖို့ အခွင့်အလမ်းရှိအောင် ငါတို့က သူ့ခြေထောက်ကို ဖြတ်တောက်ပစ်ရမယ်...ဒါပေမဲ့လည်း ငါ့ဆီက ဆေးအနည်းငယ်နဲ့ဆို အသက်ရှင်ဖို့ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲရှိတယ်...
ခြေကို ဖြတ်တောက်မကုသဘဲ အသက်ရှင်ဖို့ရော ဖြစ်နိုင်လား...
တောင်ပေါ်တက်ရ ပင်လယ်သွားရတဲ့ ယွီဟိုင်အတွက်ဆို ခြေတစ်ဖက်မရှိတော့တာက တောင်ပံကျိုးသွားတဲ့ ငှက်နဲ့ မထူးမခြားပင်။ ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတဲ့အတွက် သူ့တစ်ဘဝလုံး ခံစားနေရနိုင်သည်။
သမားတော်စန်းက ခေါင်းခါလိုက်တယ်။
ဒဏ်ရာ မျက်နှာပြင်က ကြီးလွန်းတယ်...လေထုနဲ့ အကြာကြီးထိတွေ့နေရင် ရောဂါပိုးဝင်နိုင်ခြေက သိသိသာသာ တိုးလာလိမ့်မယ်...ပိုးဝင်ပြီး ဖျားသွားရင် သာ့လော့က အမတတွေတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး...ဒါက မင်းမှာရှိတဲ့ အခွင့်အရေးနှစ်ခုပဲ...သူ့အတွက် တစ်ခုကို ရွေးရမယ်...
(သာ့လော့ စွမ်းအားရှင် - အဆင်မြင့်ကျင့်ကြံသူတွေနေတဲ့ သာ့လော့ကောင်းကင်ဘုံက
တာအို အမတ)
ယွီရှောင်ချောင်းမှာ သူမလက်ထဲက ပုလင်းထဲတွင် မှော်ကျောက်တုံးရေတွေ အများကြီး မရှိတော့ချေ။ မှော်ကျောက်တုံး စိမ်ထားတဲ့ရေတစ်ချို့တော့ ဖန်ခွက်အပြည့်ရှိသေးသည်။
အနာကို သန့်ရှင်းကာ ပိုးဝင်တာကို ကာကွယ်နိုင်လိမ့်မယ်လို့ သူမ ယုံကြည့်သည်။ သို့သော်လည်း သူမ စိတ်တော့ မချသေးသောကြောင့် မေးလိုက်သည်။
သူအနာ ရောဂါပိုးမဝင်ခဲ့ရင် သူ့ခြေထောက် ဖြတ်စရာမလိုတော့ဘူးလို့ ဆိုလိုတာပေါ့...
ဟုတ်တယ်..ဒါပေမဲ့ ဒဏ်ရာရတဲ့ ခြေကို ဖြတ်ကုမယ်ဆိုရင် ရှင်နိုင်ချေ သုံးဆယ်ရာခိုင်နှုန်းရှိတယ်.. အဲ့လိုမလုပ်ဘူးဆို အံ့ဖွယ်ဖြစ်ရပ်ဆန်းကို စောင့်နေရုံပဲ... သူသောက်ဖို့ ဆေးအရင် ညွှန်းပေးမယ်...လုံးဝ ဘာမှမလုပ်တာထက်စာရင် ဆေးအနည်းငယ်သောက်ထားတာ ပိုကောင်းမယ်..
နှစ်ပေါင်း နှစ်ဆယ်ကြာသည့်တိုင် သမားတော်စန်းက ဒီနေ့လိုမျိုး စွမ်းအားမဲ့သလို မခံစားရဖူးပေ။ ဟွထုံသာ ဒီနေ့ထိ အသက်ရှင်နေရင် ယွီဟိုင်ဒဏ်ရာကို ကုသပေးနိုင်လိမ့်မယ်... ဒါပေမဲ့ သူ ယွီရှောင်ချောင်းကြုံခဲ့ရသလို ဖြစ်ရပ်ဆန်းတွေကိုလည်း မျှော်လင့်နေသည်။ ရှောင်ချောင်းက သန္ဓေသားကတည်းက ရှိနေတဲ့ ဖျားနာမှုကို လုံးဝ ပျောက်ကင်းသွားသလိုမျိုး ဖြစ်ရပ်ကဲ့သို့ပင်။
(ဟွထုံ - ဟန်နောက်ဆုံးမင်ဆက်က ကျော်ကြားသည့် သမားတော်)
သမားတော်စန်း က အဖိုးယွီကို ဆေးအညွှန်းပေးလိုက်သည်။ သူ သူတို့ကို သတိထပ်ပေးလိုက်ရင်း သူ့ခြေထောက်ကို ထားမှာလား မထားဘူးလား.ဆုံးဖြတ်ချက် စောစောချရမယ်...
သမားတော်စန်း စကားပြောပြီးသွားသည့် အခါ အဖွားကြီးကျန်းက အိမ်မကြီးထဲကနေ ချက်ချင်း ပြေးထွက်လာသည်။ သူမက အဖိုးယွီလက်မောင်းကို ဆွဲကာ အော်လိုက်သည်။
အဖိုးကြီး သာ့ဟိုင်ရဲ့ခြေကို မဖြတ်နိုင်ဘူး.. အခွင့်အရေး သုံးဆယ်ရာခိုင်နှုန်းတွေ ဘာတွေ မပြောကြနဲ့တော့ သူ ကံကောင်းလို့ အသက်ရှင်ရင်တောင် ခြေတစ်ဖက်မရှိဘဲ နေနေတာက ဘာလုပ်မှာလဲ....
အဖိုးယွီက ဒါကို ကြားပြီးတော့ ချက်ချင်း စိတ်မချမ်းမသာ ဖြစ်လာပြီး သူ့မိန်းမကို အော်လိုက်သည်။
အသက်ရှင်ဖို့ မလိုဘူးဆိုတာ ဘာပြောတာလဲ...ရှေးက ပြောကြသလိုပဲ 'ကောင်းတဲ့သေခြင်းထက် မကောင်းတဲ့ဘဝကို ပိုင်ဆိုင်တာက ပိုကောင်းတယ်' ....သူ့အသက်ကို ကယ်ဖို့က ဒီလောက်အရေးကြီးနေတာ နင့်အဲ့စောက်ငွေတွေပဲ ဂရုစိုက်နေလိုက်...
ရှင်ဘာပြောတယ် ကျွန်မက ငွေကိုပဲ ဂရုစိုက်တယ်ဟုတ်လား....ကျုပ်က ယွီဟိုင်နိုးလာတဲ့အခါမှ သူ့ကိုပဲ ဆုံးဖြတ်ခိုင်းဖို့တွေးနေရုံပဲ.....ငါတို့ရဲ့ ကြင်နာမှုတွေက သူ့အတွက်အမုန်းတွေကိုပဲ ဦးတည်နေမှာကို စိုးရိမ်ရုံပဲ...
အဖွားကြီးကျန်းက ကြောက်လန့်နေသဖြင့် မြန်မြန်ပင် ရှင်းပြလိုက်သည်။ အဖိုးယွီဒေါသထွက်နေတာကို မြင်ရတာ ဆယ်စုနှစ်တစ်ခုမှာ ပထမဆုံးအကြိမ်ပင်။
သို့သော်လည်း အဖွားကြီးကျန်းက သူမရဲ့အတွေးတွေကို သူမသာသိသည်။ အရင်တုန်းက မိသားစုရဲ့အများဆုံးဝင်ငွေက ယွီဟိုင် အမဲလိုက်တဲ့တောကောင်ရောင်းတာကနေ လာသည်။ အခု သူက ပြင်းထန်စွာ ဒဏ်ရာရနေပြီး သု့ခြေတစ်ဖက်ကိုပင် မထားနိုင်တော့သဖြင့် တောင်ပေါ်တွေ ပင်လယ်တွေဆီ ဘယ်လိုသွားမှာလဲ။
သူ အသုံးမဝင်တဲ့သူလိုမျိုး အိပ်ယာပေါ်သာ လှဲနေနိုင်ပြီး ကပ်ပါးကောင်လိုပဲ အသက်ရှင်နိုင်သည်။ ဒါအပြင် သူ့မိသာစုကလည်း ကလေးတွေအများကြီးပင်။ သူ့ဇနီးကလည်း အားနည်းသေးသည်။ တကယ်သာ သူ့ခြေကို ဖြတ်ရမယ်ဆိုရင် ယွီဟိုင့်မိသားစုအတွက် စားဖို့သောက်ဖို့ ပြုစုပျိုးထောင်ဖို့က သူမခေါင်းပေါ်ပဲ ကျလာမှာမဟုတ်လား။ ဒီဘာမှမကောင်းတဲ့ သူတွေကို ပြုစုပျိုးထောင်ဖို့ အပိုငွေကို သူမက ဘယ်ကရမှာလဲ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now