အပိုင်း ၁၇ (မိဘရဲ့ ချစ်ခြင်းတရား)

3.5K 504 1
                                    

[Zawgyi]
[Unicode]
အပိုင်း ၁၇ (မိဘရဲ့ ချစ်ခြင်းတရား)

ယွီရှောင်ချောင်း သူမအစ်ကိုကို စိုက်ကြည့်လိုက်သည်။
"အစ်ကိုကလည်း ညံ့လိုက်တာ....ငါတို့က ဘာလို့ အဖွားကို သိခွင့်ပေးရမှာလဲ...အကြီးဆုံး အရီးကို ဥပမာထားစမ်းပါ...သူက အချိန်တိုင်းပဲ တိတ်တိတ်လေးကြိတ်စားနေတာ!.."

သူတို့ရဲ့ အကြီးဆုံးအရီး, အမျိုးသမီးလီက သူမမိဘအိမ်ကို သွားတဲ့အခါ ဘယ်တော့မှ လက်ဗလာနဲ့ ပြန်မလာခဲ့ဘူး။ ဒါပေမဲ့ သူမယူခဲ့တဲ့ အစားအစာတွေ အကုန်လုံးကို သူမအခန်းထဲမှာသာ ဖွက်ထားလေ့ရှိသည်။ ဘယ်သူမှ မရှိသည့်အခါမှသာ စားစရာ တစ်ချို့ကို ခိုးကြောင်ခိုးဝှက်ယူကာ သူမသားနှင့်အတူ စားတတ်သည်။

ယွီရှောင်ချောင်း ဆယ်ခုထက်မနည်းသော အသားပေါက်စီကို ဝယ်လိုက်ပြီး ဈေးသည်က ဆီစိမ်စက္ကူနှင့် သေချာစွာ ထုပ်ပိုးပေးသည်။ အဲ့ဒီနောက်မှာ အထုပ်ကလေးကို သူမတို့ရဲ့ မြေအိုးပဲ့လေးမှာ သိပ်ထည့်လိုက်သည်။ အစောတုန်းက အဝတ်စုတ်တစ်ချို့ကို သူတို့ရဲ့အဖိုးတန် ပင်လယ်ခရု တွေပေါ်မှာ ဖုံးအုပ်ခဲ့ကြသည်။ အခုလည်း သူတို့ရဲ့ တားမြစ်အစာသွပ်မုန့်တွေကို ဖုံးကွယ်ဖို့ တူညီတဲ့နည်းဗျူဟာကို သုံးခဲ့ကြသည်။

သူတို့နှစ်ယောက် မြို့ဝင်ပေါက်ရောက်သွားတဲ့ အချိန်မှာ ဦးလေးမာက ထိုနေရာကို ရောက်နေပြီး သူတို့ကိုစောင့်နေမှန်း တွေ့လိုက်ရသည်။ ဟင်းရွက်ရောင်းတဲ့ အမျိုးသမီးကြီးကလည်း ထိုနေရာမှာရှိသည်။ သူမ မျက်နှာမှာလည်း ပျော်ရွှင်မှုတွေနှင့် လင်းလက်နေသည်။ သူမဘေးက ခြင်းတောင်းကိုအလွတ်ကို တွေ့ရခြင်းအားဖြင့် ဘာကြောင့်လဲဆိုတာ ခန့်မှန်းဖို့မခက်ပေ။

"ရှောင်ရှ နဲ့ ရှောင်ချောင်း..မြန်မြန်လာ!...မင်းတို့နှစ်ယောက်ကို စောင့်နေတာ!..." ဦးလေးမာက သူတို့ကိုမြင်တဲ့အခါ မတ်တပ်ရပ်ပြီး လက်ကို လှုပ်ယမ်းပြကာပြောလာသည်။

" ကြက်ဥရောင်းတဲ့ အမျိုးသမီးလေးကရော..."
ယွီရှောင်ချောင်း မြည်းလှည်းထဲကို မျှော်လင့်တကြီး ကြည့်ကာ မေးလာသည်။
" သူ အခုထိမရောက်သေးဘူးလား..."

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now